
ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ကံကောင်းလို့ အာဆင်နယ်ကို ၃ ဂိုးသာပေးခဲ့ရတာ ဖြစ်တယ်လို့ ကွင်းလယ်လူ ဘယ်လင်ဂမ်က ဝန်ခံပြောသွားပါတယ်။
ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်ဟာ အာဆင်နယ်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီး ဂိုးသမား ကော့တွိုက် လက်စွမ်းပြသနိုင်ခဲ့လို့သာ ၃ ဂိုးပဲ ပေးခဲ့ရတာပါ။
ကွင်းလယ်လူ ဘယ်လင်ဂမ်ကတော့ မက်ဒရစ်အသင်းသားတွေ အနေနဲ့ ပုံမှန်ရှိသင့်တဲ့ ခြေစွမ်းအဆင့်အတန်း မရှိခဲ့ဘဲ အာဆင်နယ်က အမှန်တကယ်ကောင်းမွန်တဲ့အသင်း ဖြစ်ခဲ့ကြောင်း၊ ဖရီးကစ် ၂ ဂိုးက အဆင့်အတန်းမြင့်မားခဲ့ပြီး အာဆင်နယ်အသင်းအနေနဲ့ ၃ ဂိုးထက် ပိုပြီး ရရှိနိုင်တဲ့ အခြေအနေတွေရှိခဲ့ကြောင်း ပြောပါတယ်။
ဒါပေမဲ့ ဒုတိယအကျော့ ကျန်ရှိသေးတာကြောင့် ဘာမဆိုဖြစ်နိုင်သေးပြီး အိမ်ကွင်းမှာ မယုံကြည်နိုင်စရာ စွမ်းဆောင်ရည် ထုတ်ပြနိုင်ဖို့ လိုအပ်ကြောင်း ဘယ်လင်ဂမ်က ပြောသွားပါတယ်။