
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲတဲ့ ရစ်ချ်စကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လှုပ်ခတ်အပြီး ၃ ရက်ကျော်အကြာ ဒီကနေ့ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီအထိ DVB က ကောက်ယူရရှိတဲ့ စာရင်းအရ မြန်မာနိုင်ငံအနှံ့ သေဆုံးသူ ၂,၆၀၁ ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။
မန္တလေးမြို့ အပါအဝင် မန္တလေးတိုင်းမှာ သေဆုံးသူ ၁,၇၉၀ ယောက်၊ နေပြည်တော်ကောင်စီ နယ်မြေမှာ ၄၀၂ ယောက်၊ ရှမ်းပြည်တောင်ပိုင်းမှာ ၇၉ ယောက်၊ စစ်ကိုင်းမြို့ အပါအဝင် စစ်ကိုင်းတိုင်းမှာ ၃၁၄ ယောက်၊ ပဲခူးတိုင်းမှာ ၃၅ ယောက် သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီကတော့ မတ်လ ၃၀ ရက် နေ့လယ်အထိ သေဆုံးခဲ့သူ စုစုပေါင်း ၁,၇၀၀ ခန့်၊ ဒဏ်ရာရရှိသူ ၃,၄၀၀ ခန့်နဲ့ ပျောက်ဆုံးသူ ၃၀၀ နီးပါးခန့် ရှိတယ်လို့ ထုတ်ပြန်ထားပြီး သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်းနဲ့ အသေးစိတ် အချက်အလက်တွေ ဆက်လက်ကောက်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။