
လီယွန်နယ်မက်ဆီမပါဝင်တဲ့ အာဂျင်တီးနားကို သေချာပေါက်အနိုင်ယူသွားမယ်လို့ ဘရာဇီးတောင်ပံကစားသမား ရာဖင်ညာက ပြောသွားပါတယ်။
ရာဖင်ညာဟာ ဘရာဇီးက ကိုလံဘီယာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု တကြိမ်ပြုလုပ်နိုင်ခဲ့သူပါ။
ဘရာဇီး ဂန္ထဝင်ရိုမာရီယိုနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာတော့ ကံကြမ္မာဖေးမမှုနဲ့အတူ မက်ဆီ မပါဝင်တဲ့ အာဂျင်တီးနားကို အနိုင်ယူနိုင်မလားဆိုတဲ့မေးခွန်းအပေါ် ရာဖင်ညာက ပြန်လည်ဖြေကြားခဲ့တာပါ။
အာဂျင်တီးနားအသင်းကို အရာအားလုံးတုံ့ပြန်သွားမှာဖြစ်ပြီး သေချာပေါက်အနိုင်ယူသွားမယ်လို့ ရာဖင်ညာက ပြောသွားခဲ့တာဖြစ်ပါတယ်။
ဘရာဇီးကစားသမားဟာ ဘာစီလိုနာမှာလည်း လာလီဂါ ၂၇ ပွဲမှာ ၁၃ ဂိုးသွင်း၊ ၈ ကြိမ်ဂိုးဖန်တီးပေးထားပြီး ဘလွန်းဒီအောဆု ရရှိနိုင်မယ့် ကစားသမားစာရင်းမှာလည်း ပါဝင်နေပါ တယ်။
Photo: Reuters