Home
နိုင်ငံတကာ
ဝါရှင်တန်ရှိ တက်စ်လာပြခန်းအပြင်၌ အီလွန်မတ်စ်ခ်ကို ဆန့်ကျင် ဆန္ဒပြ
DVB
·
March 24, 2025
Photo : Reuters

အမေရိကန်၊ အနောက်ဥရောပ၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့မှာ ကြေညာထားတဲ့ ဒါဇင်များစွာသော ဆန္ဒပြပွဲတွေထဲက တခုအဖြစ် အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီက တက်စ်လာကား အရောင်းဆိုင် အပြင်ဘက်မှာ လူ ၁၀၀ လောက်က ပေါ့ပ်တေးဂီတနဲ့ အပြင်းအထန်ကခုန်ရင်း မတ် ၂၂ ရက်က ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်မြို့တော်မှာ ဖြတ်သွားဖြတ်လာကားတွေကလည်း သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအပေါ် တက်စ်လာပိုင်ရှင် အီလွန်မတ်စ်ခ်က ဩဇာလွှမ်းမိုးမှုနဲ့ အစိုးရအသုံးစရိတ်ကို သိသိသာသာ လျှော့ချတဲ့ မတ်စ်ခ်ရဲ့လုပ်ရပ်အပေါ် ဆန့်ကျင် ဆန္ဒပြနေသူတွေကို ထောက်ခံတဲ့အနေနဲ့  ကားဟွန်းတွေကို တီးခဲ့ကြပါတယ်။

ထရမ့်ပ်ဟာ အစိုးရအသုံးစရိတ်ကို နက်နက်ရှိုင်းရှိုင်း ဖြတ်တောက်မှုတွေလုပ်နေသလို နိုင်ငံခြားအကူအညီ ဒေါ်လာဘီလီယံပေါင်း များစွာကိုလည်း ရပ်ဆိုင်းထားပြီး အလုပ်သမား ၂၀,၀၀၀ ကျော်ကို ထုတ်ပယ်ခဲ့ပါတယ်။

ဘီလီယံနာသူဌေး မတ်စ်ခ်က သူဟာ အစိုးရအသုံးစရိတ် ဒေါ်လာဘီလီယံပေါင်းများစွာကို လျှော့ချ ဖြတ်တောက်လိုက်တယ်လို့ ပြောပေမဲ့ သုံးသပ်သူတချို့က မဟုတ်မှန်ကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024