
မန်ယူအသင်းဟာ ဒေါ့မွန်ကွင်းလယ်လူ ဖိလစ်မက်ချာအတွက် အနည်းဆုံး ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း ၅၀ ပေးချေနိုင်မှသာ ခေါ်ယူခွင့်ရရှိမယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ လာမယ့်ရာသီမှာ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ ကတ်စမီရိုနဲ့ အဲရစ်ဆင် တို့နဲ့ လမ်းခွဲဖို့ရှိတာကြောင့် နောက်ထပ် ကွင်းလယ်ကစားသမားတွေ မဖြစ်မနေ ခေါ်ယူသွားရမှာပါ။
လတ်တလောမှာတော့ ဂျာမန်လက်ရွေးစင် ဖိလစ်မက်ချာကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး အနည်းဆုံး ယူရိုသန်း ၅၀ ပေးချေသွားရနိုင်ကြောင်း စကိုင်းစပေါ့ ဂျာမနီသတင်းမှာ ဖော်ပြပါတယ်။
ဒေါ့မွန်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တာကြောင့် ဖိလစ်မက်ချာအတွက် ယူရိုသန်း ၅၀ နဲ့အထက် ပေးချေမယ်ဆိုရင် ရောင်းချသွားနိုင်တယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်ရှိ မက်ချာဟာ လတ်တလောမှာ ဒူးဒဏ်ရာကြောင့် အနားယူနေရပြီး မန်စီးတီး အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကစားသမားတယောက် ဖြစ်ပါတယ်။