
အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေး၊ နိုင်ငံရေး တင်းမာမှုတွေ တိုးလာနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကုန်သွယ်ရေးမူဝါဒတွေက တကမ္ဘာလုံးမှာ စီးပွားရေး အကျိုးသက်ရောက်တာတွေ၊ ပတ်၀န်းကျင် မသေချာ မရေရာမှုတွေ ဖြစ်ထွန်းလာလို့ မတ် ၁၈ ရက်မှာ ကမ္ဘာ့ရွှေဈေးက စံချိန်တင် အမြင့်ဆုံးထိ မြင့်တက်လာခဲ့ပါတယ်။
ဧပြီလအတွက် ရွှေအနာဂတ်အနေနဲ့ နယူးယောက် ကုန်သွယ်မှုဆိုင်ရာ စတော့အိတ်ချိန်းရုံးမှာ အင်္ဂါနေ့က ရွှေတအောင်စကို အမေရိကန်ဒေါ်လာ ၃,၀၄၀ ဒသမ ၈၀ စျေးပေါက်ခဲ့ပြီး ၁ ဒသမ ၁၅ ရာခိုင်နှုန်း စျေးတက်လာခဲ့တာပါ။
ရွှေစျေးက တအောင်စကို အမေရိကန်ဒေါ်လာ ၃,၀၀၀ ဆိုတဲ့ စံသတ်မှတ်ချက်ကိုလည်း ချိုးဖျက်ခဲ့ပါတယ်။
အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲတွေက ဒီအရှိန်အဟုန်ရဲ့ အဓိက မောင်းနှင်အား ဖြစ်ပုံတယ်လို့ တရုတ် ခေတ်ပြိုင် နိုင်ငံတကာဆက်ဆံရေးတက္ကသိုလ် အကြီးစား စီးပွားရေးနဲ့ ဗျူဟာ လေ့လာရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဝေလျန်က ယုံကြည်ထားပါတယ်။
အမေရိကန်ပြည်တွင်းမှာ စိုးရိမ်ပူပန်မှု မြင့်တက်လာပြီး စားသုံးသူ ယုံကြည်မှု ကျဆင်းလာလို့ ရင်းနှီးမြှုပ်နှံသူတွေက လုံခြုံတဲ့နေရာအဖြစ် ရွှေစျေးကွက်ကို ရွေးခဲ့တဲ့အတွက် ရွှေစျေးတက်တာလို့ ထင်ကြေးပေးနေကြပါတယ်။
“ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်နှစ်ခုလုံးဟာ အမေရိကန်ကြောင့်ဖြစ်ရတဲ့ စည်းကြပ်ခွန်နဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကို ခံခဲ့ရပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက စတော့ခ်နဲ့ ငွေချေးစာချုပ်တွေလိုမျိုး ပိုင်ဆိုင်မှုတွေမှာ တန်ဖိုးလွန်ကဲတဲ့ အန္တရာယ်တွေကို ရိပ်မိပြီး ရွှေဘက်ကို ကူးပြောင်းသွားစေပါတယ်။ ဒီခံစားချက်က ပြည်တွင်းရော နိုင်ငံတကာမှာပါ အနှောင့်အယှက်ဖြစ်နိုင်တဲ့ အလားအလာတွေနဲ့အတူ ပြည်တွင်းရော ပြည်ပမှာပါ စိုးရိမ်မှုတွေ တိုးလာစေပါတယ်” လို့ ဝေလျန်က ပြောပါတယ်။
ပေကျင်း နော်မယ် တက္ကသိုလ်က အကြီးစား ဘောဂဗေဒ ပါမောက္ခ ဝမ်ကျဲက ရွှေဈေး တက်လာတာဟာ အမေရိကန်ဒေါ်လာ စျေးကွက်တန်ဖိုး ပျော့ပျောင်းတဲ့ အနေအထားကို ထင်ဟပ်တယ်လို့ ပြောပါတယ်။
“အမေရိကန်ဒေါ်လာကို ယုံကြည်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ရပ်တည်မှုဟာ အားနည်းသွားပါပြီ။ အမေရိကန်ကို စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး မတည်ငြိမ်မှုတွေ ဖြစ်စေတဲ့ အဓိကအချက်ဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှု အရင်းအမြစ်တခုအဖြစ် ရှုမြင်ပါတယ်” လို့ ဝမ်ကျဲက ပြောပါတယ်။
ဒါဟာ ရွှေစျေးကွက် ပိုင်းခြားစိတ်ဖြာမှု မူဘောင်မှာ အားနည်းလာမှုကို ကိုယ်စားပြုရုံသာမကဘဲ ဒေါ်လာကို ယုံကြည်ကိုးစားမှုနဲ့ အမေရိကန်ရဲ့ အလုံးစုံ ရပ်တည်ချက်ကိုလည်း ကျဆင်းစေပါတယ် လို့ ဝမ်ကျဲက ပြောခဲ့ပါတယ်။
Source : Reuters