
တရုတ်ဒုတိယဝန်ကြီးချုပ် တိန့်ရွှီးရှန်းဟာ စွမ်းအင်လုံခြုံရေးနဲ့ ကာဗွန်ထုတ်လွှင့်စုပ်ယူမှု ညီမျှရေး Net Zero အတွက် ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အဒ်မီလီဘန်းနဲ့ တရုတ်မြို့တော် ပေကျင်းမှာ တနင်္လာနေ့က တွေ့ဆုံပါတယ်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ နှစ်ဖက် သဘောတူခဲ့ကြပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုရဲ့ အမြဲတမ်းကော်မတီ အဖွဲ့ဝင်လည်းဖြစ်တဲ့ တိန့်က တရုတ်နဲ့ ဗြိတိန်ကြား တည်ငြိမ်ပြီး အပြန်အလှန်အကျိုးရှိတဲ့ ဆက်ဆံရေး ဖွံ့ဖြိုးလာခြင်းဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ ဘုံအကျိုးစီးပွားကို ဖော်ဆောင်ပေးခြင်း ဖြစ်တယ်၊ ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို ပံ့ပိုးပေးပြီး ကမ္ဘာ့စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ပူးပေါင်းကြိုးပမ်းချက်တွေကို အားပေးအားမြှောက်ပြုတယ်လို့ ပြောပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အရေးကြီးတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့၊ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ဖို့၊ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန် ခိုင်မာစေဖို့၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကာဗွန်ထုတ်လွှတ်မှုနည်းတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ချက်တွေ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်ဖို့၊ တရုတ်နိုင်ငံက ဗြိတိန်နဲ့ လက်တွဲဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့ တိန့်က ပြောခဲ့ပါတယ်။
ဗြိတိန်အစိုးရက တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ဖို့ ရိုးရိုးသားသား မျှော်လင့်တယ်၊ ရေရှည်နဲ့ အပြုသဘောဆောင်တဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ဖော်ဆောင်ဖို့ ကတိပြုထားပြီး စွမ်းအင်လုံခြုံရေးနဲ့ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ဖို့ အဆင်သင့်ရှိတယ်လို့ မီလီဘန်းက ပြောခဲ့ပါတယ်။
Source : Reuters