
ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်အဆောက်အအုံတွေ တိုက်ခိုက်မှု ရပ်ဆိုင်းပေးဖို့ ရုရှားသမ္မတ ပူတင်က ထရမ့်ပ်နဲ့ ဖုန်းပြောပြီး သဘောတူခဲ့ပါတယ်။
ဆော်ဒီအာရေဗျမှာ အမေရိကန်နဲ့ ယူကရိန်းနိုင်ငံတို့ရဲ့ သဘောတူထားတဲ့ သဘောတူညီမှုကို ပူတင်က လက်မှတ်ထိုးဖို့ ငြင်းထားပြီး စွမ်းအင်အဆောက်အအုံတွေ တိုက်ခိုက်မှုကိုသာ ရပ်ဆိုင်းဖို့ သဘောတူခဲ့တာပါ။
ထရမ့်ပ်က “စွမ်းအင်အဆောက်အအုံတွေ အားလုံးကို တိုက်ခိုက်မှုတွေကို ရပ်ဖို့တော့ ကျနော်တို့ သဘောတူခဲ့ပါတယ်။ အလုံးစုံ အပစ်အခတ်ရပ်စဲဖို့ ကျနော်တို့ အမြန်ဆုံး လုပ်သွားမှာပါ” လို့ ဆိုရှယ်မီဒီယာ Truth မှာ ဖော်ပြပါတယ်။
ရုရှားတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းရဲ့ စွမ်းအင်အဆောက်အအုံ ၈၀ ရာခိုင်နှုန်း ပျက်စီးခဲ့ပါတယ်။
ယူကရိန်းကို ပြည်ပက စစ်ရေးနဲ့ သတင်းအချက်အလက် ကူညီမှုတွေ ရပ်မှသာ အပစ်အခတ် ရပ်စဲရေးကို သဘောတူမယ်လို့ ပူတင်က ပြောပါတယ်။
ဒီလိုတောင်းဆိုမှုမျိုးကို ယူကရိန်းရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဥရောပနိုင်ငံတွေကလည်း ငြင်းဆိုခဲ့ဖူးပါတယ်။
ယူကရိန်းနဲ့ အမေရိကန်တို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က သဘောတူညီမှုမှာ ရက် ၃၀ အပစ်အခတ်ရပ်စဲဖို့နဲ့ ကြည်း၊ ရေ၊ လေ နေရာအားလုံး ချက်ချင်းအပစ်ရပ်ဖို့ ပါရှိပါတယ်။
ပိုလန်ကိုရောက်နေတဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ စွမ်းအင်အဆောက်အအုံတွေ တိုက်ခိုက်မှုကို လက်ခံခဲ့ပြီး ပိုပြီး သဘောတူညီမှုရဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။
အမေရိကန်နဲ့ ရုရှားတို့ လာမယ့် တနင်္ဂနွေနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံမှာ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။
Source : Reuters