Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ ၂၅ ခရိုင်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးသည်းထန်လေပြင်းတိုက်ခတ်နိုင် 
DVB
·
March 17, 2025

ထိုင်းနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဒီကနေ့ မတ် ၁၇ ကစ ၂၀ ရက်နေ့တွေအတွင်း ၂၅ ခရိုင် မှာ မိုးသည်းထန် လေပြင်းတိုက်နိုင်တယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီကနေ့မနက် ၆ နာရီမှာ သတိပေးချက် ထုတ်ပြန်ပါတယ်။ 

ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသအချို့မှာ ခုရက်ပိုင်းအတွင် ရာသီဥတုပူပြင်းပြီး တောင်တရုတ်ပင်လယ်ဘက်က အအေးလှိုင်းတွေ တိုက်ခတ်လာမှာ ဖြစ်တယ်၊ အပူနဲ့ အအေးထိတွေ့မှုကြောင့် ရာသီဥတုပြောင်းလဲပြီး မုန်တိုင်းဖြစ်ပေါ်စေတယ်၊ ဒါကြောင့် ဘန်ကောက်နဲ့ အနီးတဝိုက် အပါအဝင် ထိုင်းနိုင်ငံရဲ့  ၂၅ ခရိုင်မှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းနဲ့  မိုးသီးကြွေခြင်းတွေပါ ဖြစ်ပေါ်နိုင်တယ်လို့  သတိပေးထားပါတယ်။ 

အဆိုပါခရိုင်တွေမှာ ထိုင်းမြောက်ပိုင်း ချင်းမိုင်၊ လမ်းပွန်း၊ လမ်းပန်း၊ ဖရဲ့၊ ကမ်ဖိုင်ဖစ်၊ ဆုခိုထိုင်း၊ တာ့ခ် စတဲ့ခရိုင်တွေဖြစ်ပြီး ဒေသရဲ့ ၁၀ ရာခိုင်နှုန်း မိုးသည်းထန်လေပြင်းတိုက်မယ်။ အဲဒီနောက် ၁၉ မှ ၂၃ ဒီဂရီစင်တီဂရိတ်ထိ အပူချိန် လျော့ပါးမယ်၊ လေတိုက်နှုန်း ၁ နာရီလျှင် ၁၉ မှ ၂၃ မိုင်အထိ ရှိမယ်လို့ ဆိုပါတယ်။ 

ထိုင်းအရှေ့မြောက်ပိုင်းမှာဆိုရင် ဒေသတခုလုံး အပူချိန် ၁၇ မှ ၂၂ ဒီဂရီစင်တီဂရိတ်ထိ လျော့ပါးမယ်၊ လေတိုက်နှုန်း ၁ နာရီလျှင် ၁၅ မှ ၃၀ မိုင်ထိ ရှိမယ်လို့ ဆိုပါတယ်။ 

ထိုင်းအလယ်ပိုင်းမှာဆိုရင် ဥထိုင်းဌာနီ၊ ဆုဖန်းပူရီ၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ နခွန်းပထုန်၊ စမွတ် ဆုန်ခလမ်း၊ စမွတ်စခွန်း စတဲ့ခရိုင်တွေဖြစ်ပြီး ဒေသရဲ့ ၃၀ ရာခိုင်နှုန်း မိုးသည်းထန် လေပြင်းတိုက်မယ်။ အဲဒီနောက် ၂၄  မှ ၂၅  ဒီဂရီစင်တီဂရိတ်ထိ အပူချိန်လျော့ပါးမယ်၊ လေ တိုက်နှုန်း ၁ နာရီလျှင် ၁၀ မှ ၂၅ မိုင်ထိ ရှိမယ်လို့ ဆိုပါတယ်။ 

ထိုင်းအရှေ့ပိုင်းမှာဆိုရင် ဒေသရဲ့ ၄၀  ရာခိုင်နှုန်း မိုးသည်းထန် လေပြင်းတိုက်မယ်။  အထူးသဖြင့် ချချိန်းဆောဝ်း၊ ချွန်းပူးရီး၊ လ‌ယောင်း၊ ကျန်ထပူရီ၊ တလတ် စတဲ့ခရိုင်တွေဖြစ်ပြီး အပူချိန် ၂၃  မှ ၂၆  ဒီဂရီစင်တီဂရိတ်ထိ လျော့ပါးမယ်၊ လေတိုက်နှုန်း ၁ နာရီလျှင် ၁၅ မှ ၃၀ မိုင်ထိရှိမယ်၊ ပင်လယ်ပြင်မှာ လှိုင်း ၂ မီတာထိ မြင့်တက်မယ်လို့ ဆိုပါတယ်။ 

ထိုင်းတောင်ပိုင်းမှာတော့  ဒေသရဲ့  ၂၀  ရာခိုင်နှုန်း မုန်တိုင်းဝင်မယ်၊ အထူးသဖြင့် ဖစ်ချ်ဘူရီ၊ ပရ ကျူပ်ခီရီခန်၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ် စတဲ့ခရိုင်တွေဖြစ်ပြီး အဲဒီနောက် ၂၃ မှ ၂၆ ဒီဂရီစင်တီဂရိတ်ထိ အပူချိန်လျော့ပါးမယ်၊ လေတိုက်နှုန်း ၁ နာရီလျှင် ၁၅  မှ ၃၀ မိုင်ထိရှိမယ်၊ ပင် လယ်ပြင်မှာ လှိုင်း ၂ မီတာထိ မြင့်တက်မယ်လို့ ဆိုပါတယ်။ 

ဘန်‌ကောက်နဲ့အနီးတဝိုက်မှာတော့ ဒေသရဲ့ ၃၀ ရာခိုင်နှုန်း မုန်တိုင်းဝင်မယ်၊ အဲဒီနောက် အပူချိန် ၂၅ မှ ၂၇ ထိ နိမ့်ကျသွားမယ် ။ လေတိုက်နှုန်း တစ်နာရီလျှင် ၁၀ မှ ၂၅ ကီလိုမီတာထိရှိမယ်လို့ ဆိုပါတယ်။ 

ကိုးကား - Khaosod News

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024