
ဆာဘီးယားအစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုအဖြစ် ဆန္ဒပြသူတွေဟာ လူစုလူဝေးကြီးနဲ့ မတ် ၁၄ ရက်မှာ ဘဲလ်ဂရိတ်မြို့မှာ စုဝေးခဲ့ကြပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတွေဟာ အကြမ်းဖက်မှု ဒါမှမဟုတ် ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ဆာဘီးယားသမ္မတကလည်း ပြဿနာရှာသူတွေကို ထိန်းသိမ်းဖို့နဲ့ ဆန္ဒပြသူတွေကို စောင့်ကြည့်ဖို့ ညွှန်ကြားထားပါတယ်။
“ကျတော်တို့ သတိနဲ့ နေဖို့လိုအပ်ပါတယ်။ ပြောချင်တာ ဒီလောက်ပါပဲ” လို့ ဆန္ဒပြသူ တဦးက ပြောခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာနဲ့ အင်အားပြသမှာဖြစ်ပြီး အစိုးရထောက်ခံသူတွေရဲ့ ရန်စမှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီလိုဆန္ဒပြမှုဟာ ၁၀ စုနှစ်တွေအတွင်း ဆာဘီးယားနိုင်ငံမှာ အကြီးမားဆုံး ဆန္ဒပြစီတန်း လှည့်လည်မှုဖြစ်လည်း ဖြစ်ပါတယ်။
နိုဝင်ဘာ ၁ ရက်က ရထားဘူတာရုံ မျက်နှာကျက် ပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦး သေဆုံး ခဲ့ရတာကနေ ကျောင်းသားတွေက ဒီဇင်ဘာလကနေ စတင်ကာ ဆန္ဒ ပြပွဲတွေ ပြုလုပ်ခဲ့တာပါ။
ဆာဘီးယားသမ္မတ ဗူးဆစ် လက်အောက်မှာ လာဘ်စားမှုတွေ ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ အစိုးရအဖွဲ့ကို ပြစ်တင်ဝေဖန်ကြတာလည်း တွေ့ရပါတယ်။
ဆာဘီးယားမြို့တော် ဘဲလ်ဂရိတ်မှာ ဆန္ဒပြသူ ၆၀၀၀၀ နဲ့ ၈၀၀၀၀ ကြားရှိတယ်လို့လည်း ခန့် မှန်းရပြီး ဒီထက်ပိုများဖို့ကိုလည်း စီစဉ်သူတွေက မျှော်လင့်ပါတယ်။
ဆန္ဒပြသူတွေထဲမှာ ကျောင်းသား တွေ၊ ဆရာတွေ၊ လယ်သမားတွေနဲ့ အလုပ်သမားတွေပါဝင်ပြီး လူထုအင်အားနဲ့ ၁၂ နှစ်ကြာ ဝန်ကြီးချုပ်၊ သမ္မတရာထူးတွေ ရရှိခဲ့သူ ဗူးဆစ် အတွက် စိန်ခေါ်မှု တခုပဲဖြစ်ပါတယ်။
Source: Reuters