
မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား မေဆန်မောင့်ဟာ ဆိုစီဒက်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟာ ကြွက်သားဒဏ်ရာကြောင့် အသင်းရဲ့ နောက်ဆုံး ၁၉ ပွဲဆက်တိုက် လွဲချော်ခဲ့တာပါ။
ပြီးခဲ့တဲ့တပတ်က လေ့ကျင့်ခန်းပြန်ဆင်းခဲ့တဲ့ မေဆန်မောင့်ဟာ ဆိုစီဒက်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ပြီး လုခ်ရှော အပါအဝင် ကိုဘီမိန်နူးလည်း ပြန်လည်ကစားနိုင်ဖို့ နီးစပ်နေပြီလို့ မန်ယူနည်းပြ အာမိုရင်က ပြောပါတယ်။
မန်ယူအသင်းဟာ မတ် ၁၄ ရက် မနက်ပိုင်းမှာ ဆိုစီဒက်အသင်းနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ် အဖြစ် အိမ်ကွင်းမှာ လက်ခံကစားသွားရမှာပါ။
ပထမကျော့က တဂိုးစီ သရေကျခဲ့တဲ့ မန်ယူအသင်းဟာ ဒုတိယအကျော့မှာ နိုင်ပွဲရယူနိုင်ဖို့ လိုအပ်နေပါတယ်။