
အာဆင်နယ်အသင်းဆုဖလားရဖို့ အလွန်နီးစပ်နေပြီဖြစ်ကြောင်း နောက်ခံလူ ဝီလီယံဆာလီဘာက ပြောသွားပါတယ်။
ပီအက်စ်ဗွီနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်နဲ့ ပတ်သက်လို ဆာလီဘာက မှတ်ချက်ပေးခဲ့တာပါ။
အာဆင်နယ်ဟာ ၂၀၂၀ ပြည့်နှစ်က FA ဖလားရယူနိုင်ပြီးနောက်ပိုင်း ဆုဖလားမရတော့တာ ၅ နှစ်ကြာခဲ့ပါပြီ။
နောက်ခံလူ ဆာလီဘာကတော့ ဆုဖလားရဖို့ အလွန်နီးစပ်တဲ့အခြေအနေ ရောက်ရှိနေပြီဖြစ်ပြီး ကြိုးစားမှုကို ဆက်လက်ထိန်းသိမ်းသွားဖို့သာ လိုအပ်ကြောင်း ပြောပါတယ်။
ဆုဖလားတွေရယူနိုင်ဖို့ နီးစပ်ခဲ့ပေမဲ့ မရယူနိုင်ခဲ့တာတွေက ဝမ်းနည်းစရာဖြစ်ပြီး မကြာတော့တဲ့ အချိန်မှာ ဆုဖလားရယူနိုင်တဲ့အချိန် ရောက်ရှိလာလိမ့်မယ်လို့ ဆာလီဘာက ပြောပါတယ်။
ချန်ပီယံလိဂ် ဆုဖလားကို လူတိုင်းက ရယူချင်ကြပေမဲ့ ရယူနိုင်ဖို့ ခက်ခဲတဲ့ ပြိုင်ပွဲဖြစ်သလို ဘာမဆိုဖြစ်နိုင်တဲ့ ပြိုင်ပွဲလည်း ဖြစ်ကြောင်း ဆာလီဘာကသုံးသပ်သွားပါတယ်။
Photo: Reuters