ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်းကနေ ပြန်လွတ်လာတဲ့ အိန္ဒိယနိုင်ငံသား ၂၈၃ ယောက်ကို မတ် ၁၀ ရက်က မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေး တံတားကနေ ထိုင်းဘက်ကို ပြန်လွှဲပေးလိုက်ပါတယ်။
အဆိုပါ အိန္ဒိယနိုင်ငံသားတွေဟာ မြဝတီ ကျားဖြန့်လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခံရ၊ ရိုက်နှက် နှိပ်စက်ခံရသူတွေဖြစ်ပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ အကူအညီနဲ့ နေရပ်ပြန်ပို့နိုင်ခဲ့တာပါ။
မြဝတီမြို့မှာ ကျားဖြန့်က ပြန်လွတ်လာတဲ့ အိန္ဒိယနိုင်ငံသား ၅၄၇ ယောက်ရှိတဲ့အထဲ ဒီကနေ့ ၂၈၃ ယောက်ကို အိန္ဒိယအစိုးရက စစ်တပ်လေယာဥ်နဲ့ တခေါက်လာရောက်ကြိုခဲ့ပြီး မတ် ၁၁ ရက်မှာလည်း ကျန်တဲ့သူတွေကို လေယာဥ်နဲ့ ထပ်မံလာကြိုဖို့ ရှိနေပါတယ်။
Photo : DVB