ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မတ် ၄ ရက် ဒီကနေ့ မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်မှာ လွမ်းသူပန်းခွေချအလေးပြု ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။
လွမ်းသူပန်းခွေချအလေး ပြုတဲ့အချိန်မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနဲ့ မြန်မာစစ်သီချင်းတွေနဲ့ တီးမှုတ်ခဲ့ပြီး စစ်ခေါင်းဆောင်က ဂုဏ်ပြုတပ်ဖွဲ့ရဲ့ ချီတက်အလေးပြုခြင်းကို ခံယူခဲ့တယ်လို့လည်းဆိုပါတယ်။
စစ်ခေါင်းဆောင်ဟာ ဒီကနေ့ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံပြီး ရုရှား-မြန်မာ နှစ်နိုင်ငံအကြားသဘောတူ စာချုပ်တွေလက်မှတ်ရေးထိုးဖို့နဲ့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ဖို့ ရှိနေပါတယ်။