
ဂျာမနီနိုင်ငံမှာ ပြုလုပ်တဲ့ ဝတ်စုံဆန်းတွေဝတ်ဆင်ပြီး လှည့်လည်တဲ့ ရိုးရာပွဲတော်မှာ ထရမ့်ပ်နဲ့ ပူတင်တို့ကို ပြောင်လှောင်သရော်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒူဆယ်ဒေါ့ဖ်နဲ့ ကိုလုံးမြို့တို့မှာ မတ် ၃ ရက်က ပြုလုပ်တဲ့ ရို့စ်မန်ဒီကာနီဗယ်ပွဲမှာ ထရမ့်ပ်၊ ပူတင်၊ ရှီကျင့်ဖျင်၊ ဂျာမနီလက်ယာစွန်း ပါတီဖြစ်တဲ့ AfG တို့ကို လှောင်ပြောင်တဲ့ အရုပ်ကြီးတွေ ပြလုပ်ပြီး မြို့အတွင်းမှာ လှည့်လည်ခဲ့တာပါ။
ဒူဆယ်ဒေါ့ဖ်နဲ့ ကိုလုံးတို့ဟာ ဂျာမနီ ရိုးရာကာနီဗယ်ပွဲတော်တွေ ကျင်းပလေ့ရှိတဲ့ အဓိက နေရာတွေဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဟာသပြုလုပ်မှုတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့လတွေက ဂျာမနီမှာ တိုက်ခိုက်မှုတွေ အများအပြားခံခဲ့ရလို့ ဒီပွဲမှာလည်း လုံခြုံရေးကို အဓိက တင်းကျပ်ခဲ့ရပါတယ်။
စီတန်းလှည့်လည်တဲ့အချိန်မှာ ကားလမ်းတွေပိတ်တာမျိုးတွေလည်း ပြုလုပ်ခဲ့ရတာ တွေ့ရပါတယ်။
ဂျာမနီနိုင်ငံဟာ ပြီးခဲ့တဲ့လတွေက တိုက်ခိုက်သူတွေရဲ့ အဓိက ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒီဇင်ဘာလတုန်းက ခရစ္စမတ်ဈေးကို ကားနဲ့ဝင်တိုက်ခဲ့လို့ လူ ၆ ယောက် သေဆုံးခဲ့ရပြီး ဇန်နဝါရီလမှာ ဓားထိုးမှုကြောင့် လူတယောက်နဲ့ ကလေးတယောက် သေဆုံးခဲ့ရဖူးပါတယ်။ ဒီ ၂ မှုစလုံးမှာ တခြားနိုင်ငံကနေ ပြောင်းရွှေ့နေထိုင်သူတွေရဲ့ တိုက်ခိုက်မှုလို့ ဆိုပါတယ်။
Source : Reuters