Home
မြန်မာသတင်း
ရုရှားနှင့် မြန်မာစစ်အုပ်စုတို့ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ အဆုံးသတ်ရေး တောင်းဆို
DVB
·
March 4, 2025
Photo: CINCDS

ရုရှားနဲ့ မြန်မာစစ်အုပ်စုတို့ ကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေကို အဆုံးသတ်ဖို့ နိုင်ငံတကာအနေနဲ့ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ညှိနှိုင်းဆောင်ရွက်ပြီး အလျင်အမြန် ချမှတ်ဖို့ လိုအပ်နေတယ်လို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

ရုရှားနိုင်ငံဟာ မြန်မာစစ်အုပ်စုအတွက် အဓိက လက်နက်တင်သွင်းသူအဖြစ်နဲ့ မြန်မာပြည်သူလူထုအပေါ် စစ်အုပ်စု ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ လောင်စာမီးထိုးပေးနေတာ ဖြစ်တယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်း ထုတ်ခံရအပြီးမှာ  ရုရှားနိုင်ငံကို တပတ်ကြာခရီးစဉ်အဖြစ် သွားရောက်နေပြီး ရုရှားသမ္မတ ပူတင်နဲ့ ဒီနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ရုရှားနဲ့ မြန်မာ ၂ နိုင်ငံ စီးပွားရေးနဲ့ လုံခြုံရေး အပါအဝင် ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေဖို့ ဆွေးနွေးဖို့ရှိတယ်လို့  စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024