
ဆော်ဒီကလပ်တွေနဲ့ အပြောင်းအရွှေ့သတင်းတွေကို ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗင်နီဆီးယက်စ် ဂျူနီယာက ငြင်းဆန်သွားပါတယ်။
အသက် ၂၄ နှစ်ရှိ ဘရာဇီးကစားသမားကို ဆော်ဒီပရိုလိဂ်အသင်းတွေက များပြာတဲ့လုပ်ခနဲ့ မက်လုံပေးခေါ်ယူဖို စီစဉ်နေကြောင်း သတင်းထွက်ပေါ်ခဲ့တာပါ။
ဗင်နီဆီးယက်စ်ကတော့ မက်ဒရစ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်သေးလို အနာဂတ်ကိစ္စအပေါ် စိတ်ပူစရာမရှိကြောင်း၊ အသင်းမှာ ပျော်ရွှင်နေတဲ့အတွက် စာချုပ်သက်တမ်းတိုးဖိုကိစ္စ အမြန်ဆုံး ဖြစ်လာဖို မျှော်လင့်ကြောင်း ပြောသွားခဲ့တာပါ။
မိမိအနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ နေထိုင်လေ့ကျင့်နေပြီး ကမ္ဘာ့အကောင်းဆုံးနည်းပြ၊ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေ၊ ကမ္ဘာ့အကောင်းဆုံး ဥက္ကဋ္ဌနဲ့ ကမ္ဘာ့အကောင်းဆုံးပရိသတ်တွေရှိနေတဲ့နေရာမှာ ရှိနေတဲ့အတွက် ဒီထက်ကောင်းမွန်တဲ့ နေရာ မရှိကြောင်း ဗင်နီဆီးယက်စ်က ပြောပါတယ်။
မက်ဒရစ်နဲ့အတူ ဆုဖလားတွေရယူခဲ့ပြီးဖြစ်ပေမဲ့ နောက်ထပ်ဆုဖလားတွေထပ်ယူချင်သေးပြီး အသင်းရဲ့ဂန္ထဝင်ကစားသမားတယောက်ဖြစ်ချင်ကြောင်းလည်း ဗင်နီဆီးယက်စ်က ပြောသွားပါတယ်။
Photo: Reuters