
ဒီတပတ်အတွင်း မားစ်၊ ဂျူပီတာ၊ ယူရေးနပ်စ်၊ ဗီးနပ်စ်၊ နက်ပကျွန်း၊ မာကျူရီနဲ့ စေတန်ဂြိုဟ်တို့ကို ညနေပိုင်းမှာ ခဏမြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။
ဒီလို ဂြိုဟ်စီတန်းမှုဟာ ရှားပါးတဲ့ မြင်ကွင်းတခုဖြစ်ပြီး ၂၀၄၀ ပြည့်နှစ် မတိုင်ခင်အထိ နောက်ဆုံးမြင်တွေ့ခွင့်ရမယ့် အခွင့်အရေး ဖြစ်ပါတယ်။
အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနဲ့ သောကြာနေ့ နေဝင်ချိန်မှာ ဂြိုဟ်တွေကို မြင်ရဖို့ အကောင်းဆုံးအခွင့်အရေး ဖြစ်ပါတယ်။
မာကျူရီ၊ ဗီးနပ်စ်၊ ဂျူပီတာနဲ့ မားစ်ဂြိုဟ်စတဲ့ ဂြိုဟ် ၄ လုံးကို သာမန်မျက်စိနဲ့ မြင်နိုင်မှာပါ။ စေတန်ဂြိုဟ်ကိုတော့ မိုးကုပ်စက်ဝိုင်းအောက်ရောက်နေလို့ မြင်ဖို့ခက်ပါတယ်။
ယူရေးနပ်စ်နဲ့ နက်ပကျွန်းဂြိုဟ်တွေကိုကြည့်ဖို့ မှန်ပြောင်းလိုအပ်ပါတယ်။ မိုးကုပ်စက်ဝိုင်း မြင်ကွင်းရှင်းပြီး ကောင်းကင်မှာလည်း တိမ်ကင်းနေရင် ဂြိုဟ်အားလုံးကို မြင်ဖို့ အခွင့်အရေး ရှိပါတယ်။ ဒါပေမဲ့ ဂြိုဟ်အားလုံးကို ခဏသာ မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။
ဂရင်းဝှစ်တော်ဝင်လေ့လာရေးက နက္ခတ်ပညာရှင် ဒေါက်တာ ဘလွန်းမားက “ဂြိုဟ်တွေအားလုံးကို မြင်ခွင့်ရမယ့် အခွင့်အရေးက ရှားပါးတဲ့အခွင့်အရေးပါ” လို့ ပြောပါတယ်။
နေဝင်ချိန်မှာ စေတန်နဲ့ မာကျူရီဂြိုဟ်တို့လည်း နေဝင်တဲ့အချိန်ဖြစ်လို့ သူတို့ကို တွေ့ဖို့ခက်ပါတယ်။
ဂြိုဟ်တွေဟာ ပတ်လမ်းအတိုင်း မတူညီတဲ့ အမြန်နှုန်း၊ အကွာအဝေးတို့နဲ့ လှည့်ပတ်နေပြီး ကမ္ဘာကနေ ကြည့်ချိန်မှာ စီတန်းထားသလို မြင်ရမှာလည်းဖြစ်ပါတယ်။
ဒေါက်တာဘလွန်းမားက ဂြိုဟ်တွေကိုကြည့်ဖို့ ကောင်းကင်မြင်ကွင်း ရှင်းလင်းနေဖို့လိုသလို အလင်းလည်း အနည်းငယ်သာရှိဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။
“မီးဖိုချောင်ထဲကထွက်ပြီး နောက်ဖေးဥယျာဉ်ထဲကနေ ကြည့်လို့ရပါတယ်။ သင်ဟာ အလင်းနဲ့ မျက်လုံး အသားကျဖို့ ကောင်းကင်ကို နာရီဝက်လောက် ကြည့်ပေးရမှာပါ။ ဖုန်းကြည့်တာတွေကို ရှောင်ပါ။ ဒီလိုဆို သက်တောင့်သက်သာ အနေအထား ကောင်းကင်က ဂြိုဟ်တွေကို ကြည့်လို့ရမှာပါ” လို့ ဒေါက်တာ ဘလွန်းမားက အကြံပြုထားပါတယ်။
ဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ အခွင့်အရေးအတွက် ညဘက်ကောင်းကင်ကို ကြည့်တဲ့ အလေ့အကျင့်လုပ်ထားဖို့ ဒေါက်တာ ဘလွန်းမားက လူတွေကို တိုက်တွန်းထားပါတယ်။
Source : Reuters