
ကိုလံဘီယာနိုင်ငံသားတယောက်ဟာ ကိုကင်းတောင့် ၁၉ တောင့်ကို ဆံပင်တုအောက်မှာ ဝှက်ထားပြီး ကိုလံဘီယာနိုင်ငံ ကာတာဂျီးနား လေဆိပ်ကနေ နယ်သာလန်နိုင်ငံ အမ်စတာဒမ်လေဆိပ်ဆီ သွားမယ့် လေယာဉ်ပေါ်တက်ဖို့ ကြိုးပမ်းနေတုန်း အရင်အပတ်က ဖမ်းဆီးရမိခဲ့တယ်လို့ ကိုလံဘီယာအာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောပါတယ်။
နိုင်ငံတကာဈေးကွက်မှာ ယူရို ၁၀,၀၀၀ ကျော် တန်ဖိုးရှိတဲ့ ကိုကင်းအလုံး ၄၀၀ ကျော် ရောင်းမှာကို တားဆီး ဖြိုခွင်းခဲ့တယ်လို့ ကာတာဂျီးနား မြို့ပြရဲဌာနရဲ့ တပ်မှူး ဗိုလ်မှူးချုပ် ကေဗေးယေဟိ ပေနားရာကေက ပြောပါတယ်။
စကန်ဖတ်တာနဲ့ ခန္ဓာကိုယ်ကို ရှာဖွေခဲ့လို့ ကိုကင်း ၂၂၀ ဂရမ်ကျော်ပါတဲ့ ဆံပင်တုကို တွေ့ခဲ့တယ်၊ ဥရောပပိုင်နက်မှာ ခန့်မှန်းခြေ ယူရို ၁၀,၀၀၀ တန်ကြေးရှိတယ်လို့ သူက ဆက်ပြောပါတယ်။
တရားခံကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ထုတ်လုပ်မှု၊ လက်ဝယ်ထားရှိမှုတို့နဲ့ ရှေ့နေချုပ်ရုံးဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
Source : Reuters