
နာတာရှည် ပန်းနာရင်ကြပ်ပုံစံ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားနေရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ စိုးရိမ်ရတဲ့ ပြင်းထန်အခြေအနေမှာ ရှိနေဆဲဖြစ်ကြောင်း ဗာတီကန် ကျောင်းတော်က ထုတ်ပြန်ထားပါတယ်။
မနေ့ကထက်ပိုပြီး ကောင်းမလာသလို သွေးသွင်းရတယ်လို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းဟာ သတိရှိနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနိုင်ဆဲ ဖြစ်ပေမဲ့ အောက်ဆင်ဂျင်များများပေးဖို့ လိုနေဆဲဖြစ်ပြီး ရောဂါဝေဒနာကို ဆက်လက်စောင့်ကြည့်ဖို့ လိုသေးတယ်လို့ ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ရောမမြို့က ဂျမဲလီဆေးရုံမှာ အဆုတ်နှစ်ဖက်လုံး နမိုးနီးယား အဆုတ်ရောင်ရောဂါအတွက် ကုသနေတာဖြစ်ပြီး ဘေးကင်းတယ်လို့ပြောနိုင်တဲ့ အခြေအနေမရှိသေးဘူးလို့လည်း ဗာတီကန်က ထုတ်ပြန်ပါတယ်။
ပုပ်ရဟန်းမင်းကြီးက သူ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး အများက ပြည်သူကို ပွင်ပွင့်လင်းလင်း အသိပေးဖို့ ညွှန်ကြားထားတဲ့အတွက် နေ့စဉ်နီးပါး အခြေအနေ ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ရက်အတန်ကြာ အသက်ရှူရ ခက်ခဲတာကြောင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတည်းက ဆေးရုံတက်နေတာ ဖြစ်ပါတယ်။
Source: Reuters