
မန်စီးတီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ဒဏ်ရာပြဿနာတွေရှိနေတဲ့အခြေအနေကို အလေး ထားဖြေရှင်းသွားရမယ်လို့ နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးအသင်းဟာ အခုနှစ် ရာသီမှာ လူစုံပွဲထွက်ကစားနိုင်တဲ့ပွဲနည်းပါးခဲ့ပြီး ကစားသမားအများစုဟာ ဒဏ်ရာပြဿနာတွေကြောင့် အနားယူခဲ့ရပြီး ရလဒ်ပိုင်းလည်း ကောင်းမွန်ခြင်းမရှိခဲ့ပါဘူး။
နည်းပြဂွါဒီယိုလာကတော့ ဒဏ်ရာပြဿနာတွေများနေတာကို အသင်းဆရာဝန် အပါအဝင် ကစားသမားတွေ၊ အေးဂျင့်တွေနဲ့ ဆွေးနွေးသွားရမှာဖြစ်ပြီး ကစားသမားတချို့က ၃ ရက်ခြားပြီး တပွဲကစားနိုင်စွမ်းမရှိကြောင်း ပြောပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်တွေမှာ ကစားသမားတွေကြံ့ခိုင်မှုပြည့်၀နေဖို့လိုအပ်ပြီး ဒဏ်ရာပြဿနာတွေများခဲ့တာကြောင့် ဆိုးရွားတဲ့ ဘောလုံးရာသီဖြစ်ခဲ့တာ ထိုက်တန်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
Photo: Reuters