
အမေရိကန်ပြည်ထောင်စုဟာ ၂၀၂၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ AUKUS မိတ်ဖက်အဖွဲ့အောက်မှာ သြစတြေးလျနဲ့ နျူးကလီးယား ရေငုပ်သင်္ဘော သဘောတူညီချက် အတွက် မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖေဖော်ဝါရီ ၂၀ ရက်မှာ အမေရိကန်ကို ဝေဖန်ခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုလို့လည်း ခေါ်ဆိုလိုက်ပါတယ်။
၀ါရှင်တန်အနေနဲ့ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအဖြစ် AUKUS လို့ အမည်ပေးထားတဲ့ နျူးကလီးယား မဟာမိတ်အဖွဲ့တွေရဲ့ အကျိုးဆက်တွေကို သတိထားသင့်ကြောင်း KCNA အစီရင်ခံချက်ထဲမှာ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
သြစတြေးလျဟာ AUKUS နျူးကလီးယား ရေငုပ်သင်္ဘော သဘောတူစာချုပ်အရ မကြာသေးခင်ကပဲ အမေရိကန်ကို ပထမဆုံး ဒေါ်လာ သန်း ၅၀၀ ပေးချေမှု ပြုလုပ်ခဲ့ပါတယ်။
AUKUS လက်ထက်မှာ သြစတြေးလျဟာ အမေရိကန် ရေငုပ်သင်္ဘောလုပ်ငန်းရဲ့ စွမ်းဆောင်ရည် မြှင့်တင်ဖို့ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ပေးချေမှာဖြစ်ပြီး ဝါရှင်တန်ဟာ ဗာဂျီးနီးယားအဆင့် နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော အများအပြားကို ဩစတြေးလျကို ၂၀၃၀ ခုနှစ် အစောပိုင်းမှာ ရောင်းချမှာဖြစ်ပါတယ်။
အမေရိကန်ဟာ မြောက်ကိုရီးယားကို ဒေသတွင်း ဩဇာအာဏာ ထူထောင်ရာမှာ အတားအဆီး တခုအဖြစ် ရှုမြင်နေပြီး နျူးကလီးယားနိုင်ငံတွေဟာ သူ့ဘာသာသူ တနိုင်ငံတည်း ရပ်တည်နိုင်မှာ မဟုတ်ကြောင်းလည်း ဆိုထားပါတယ်။
Source : Reuters