Home
နိုင်ငံတကာ
ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၂,၉၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
DVB
·
February 11, 2025
Photo : REUTERS / LSEG / G4S HANDOUT

ကမ္ဘာ့ရွှေစျေးဟာ စံချိန်တင်မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်မှာ ဒေါ်လာ ၂,၉၀၀ အထက်ကို ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စည်းကြပ်ခွန် ကောက်ခံမှုတွေကြောင့် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာပြီး ငွေကြေးဖောင်းပွမှာကို စိုးရိမ်မှု မြင့်တက်နေကြတဲ့အတွက် ဘေးအကင်းဆုံးလို့ ယူဆရတဲ့ ရွှေစျေးက တက်လာတာ ဖြစ်ပါတယ်။

လက်ငင်းရွှေစျေး ဟာ ၁၀ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ည ၆ နာရီ ၄၅ မိနစ် (မြန်မာစံတော်ချိန် ၁၁ ရက်နေ့ ကူးကာစ သန်းခေါင်ကျော် ၁၂ နာရီ ၁၅ မိနစ်) မှာ တအောင်စကို ၂,၉၀၅ ဒသမ ၂၄ ဒေါ်လာအထိ မြင့်တက်သွားပါတယ်။

အမေရိကန်ရွှေစျေးကတော့ ၁ ဒသမ ၆ ရာခိုင်နှုန်းတောင်တက်ပြီး ၂,၉၃၄ ဒသမ ၄၀ အထိ ရောက်ခဲ့ပါတယ်။

သံမဏိနဲ့ အလူမီနီယမ်ပို့ကုန် အားလုံးအပေါ် ထပ်တိုးစည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ ထရမ့်ပ်က ဖေဖော်ဝါရီ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် တခြားနိုင်ငံတွေက အမေရိကန်ကို ကောက်တဲ့အတိုင်း တပြေးညီ လက်တုံ့ပြန် စည်းကျပ်ခွန်တွေပါ ချက်ချင်းပြန်ကောက်မယ်လို့ပါ ကြေညာထားပါတယ်။

ရွှေတုံးစျေးဟာ ဒီနှစ်ထဲမှာ ၇ ကြိမ်အထိ စံချိန်တင် မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ဖွံ့ဖြိုးမှု မရေရာတာ၊ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်တာ၊ ငွေကြေးဖောင်းပွမှု မြင့်မားတာတွေကြောင့် ရွှေကို ဘေးကင်းတဲ့ ပိုင်ဆိုင်မှုအဖြစ် စုဆောင်းလာကြပါတယ်။

ရွှေစျေးဟာ တအောင်စကို ဒေါ်လာ ၃,၂၅၀ ကနေ ၃,၅၀၀ အထိ မြင့်တက်နိုင်တယ်လို့ Blue Line Futures က စျေးကွက်မဟာဗျူဟာအကြီးအကဲ ဖိလစ်စထရေဘဲလ်က သုံးသပ်ထားပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024