
ပါရီ ဂရန်းပါလေ လေလံပွဲအတွက် ဖာရာရီ၊ ဘူဂါတီ၊ ပေါ်ရှေး စတဲ့ Sports ရှေးဟောင်းကားတွေကို လေလံမတိုင်မီ ပါရီမှာ ပြသထားပါတယ်။
လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက ရေပန်းစား လူကြိုက်များခဲ့တဲ့ ကားတွေရဲ့ ပုံစံကလည်း ပြောင်လက်ပြီး လှပနေတာကြောင့် ကားချစ်သူတွေ အကြိုက်တွေမယ့် လေလံပွဲ ဖြစ်မှာပါ။
ဂရန်းပါလေ လေလံမှာ ရှေးဟောင်းကားအစီး ၁၀၀ ဝန်းကျင်ရှိတာ တွေ့ရပါတယ်။
“ကားတွေအပေါ် လူတွေရဲ့ စိတ်ဝင်စားမှုက လှုပ်နှိုးစရာမလိုဘူးဆိုတာ ကျနော်တို့ မြင်ရမှာပါ။ ဒီပွဲမှာ ကားချစ်သူတွေကို တစုတစည်းတည်း မြင်ရမှာပါ” လို့ ပြင်သစ်အရောင်းဌာနအကြီးအကဲ ဘိုဟမ်က ပြောပါတယ်။
ဒီလေလံမှာ ရှားပါး ဖာရာရီမော်ဒယ် ၂ စီး ပါဝင်တာ တွေ့ရပါတယ်။ ၁၉၅၀ ခုနှစ်က 166MM ဘာချက်တာကားနဲ့ ၁၉၅၅ ခုနှစ်က ၅ သုံးလုံး စူပါစကွာအာလိုတို့ ၂ စီးဖြစ်ပါတယ်။ ဒီကား ၂ စီးဟာ လေလံသတ်မှတ်ဈေး ယူရို ၄ သန်းကနေ ယူရို ၆ သန်းအထိ ရှိမှာပါ။
ဘူဂါတီ အမျိုးအစားမှာဆိုရင် ၁၉၂၈ ခုနှစ်ထုတ် T43 ဂရင်းစပေါ့ကားက ယူရို ၁ သန်းကနေ ၁ ဒသမ ၅ သန်းအထိ လေလံဈေးရှိမယ်လို့ မျှော်လင့်ပါတယ်။
ဒီလေလံပွဲမှာ ရှေးဟောင်းရှားပါးကားတွေ အပါအဝင် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီရဲ့ ဘောလုံးသမားဘဝအစ ပထမဆုံးအင်္ကျီကိုလည်း ပြသထားပါတယ်။
ဘာစီလိုနာကို မပြောင်းမီ ၁၉၉၉ ခုနှစ်က နယူးအိုးဘိုင်းအသင်းမှာ ဝတ်ဆင်ခဲ့တဲ့ မက်ဆီရဲ့ အင်္ကျီပဲ ဖြစ်ပါတယ်။
မက်ဆီရဲ့ အင်္ကျီကိုလည်း မတ် ၁၇ ရက်ကနေ ၂၇ ရက်အထိ အွန်လိုင်းကနေ ရောင်းချသွားမှာ ဖြစ်ပါတယ်။
မက်ဆီရဲ့ အင်္ကျီတန်ဖိုး လေလံသတ်မှတ်ဈေး ယူရို ၈၀,၀၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းရပါတယ်။
Source : Reuters