
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နျူးကလီးယားပစ္စည်း ထုတ်လုပ်ရေးစခန်းနဲ့ နျူးကလီးယားလက်နက်အင်စတီကျုတို့ကို သွားရောက်ချိန်မှာ အခုနှစ်အတွင်း နျူးကလီးယား တပ်ဖွဲ့တွေ အားကောင်းလာဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
သူ့ရဲ့ခရီးစဉ်ဟာ မြောက်ကိုရီးယားရဲ့ ဖွံ့ဖြိုးကြီးထွားလာနေတဲ့ နျူးကလီးယားလက်နက်တွေကို မီးမောင်းထိုးပြနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ရာထူးပြန်စတင်ချိန်ဝန်းကျင်မှာ ဒုံးကျည်စမ်းသပ်မှုတွေကို ပြုံယမ်းက ပြန်လည်စတင်ခြင်းအားဖြင့် သူ့ရဲ့အင်အားပြသမှုကို အရှိန်မြှင့် လုပ်ဆောင်နေတာကြောင့် ဒါဟာ ထရမ့်ပ်ရဲ့ အာရုံစိုက်မှုကို တစိတ်တပိုင်းဆွဲဆောင်ဖို့ ရည်ရွယ်နေတယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။
ကင်မ်ဂျုံအန်းဟာ မနှစ်က သူတို့ရဲ့လုပ်ငန်းမှာ “ထူးထူးခြားခြား အောင်မြင်မှုတွေ” နဲ့ “အံ့သြဖွယ်ကောင်းတဲ့ ထုတ်လုပ်မှုရလဒ်တွေ” ကို ရရှိခဲ့တဲ့ သိပ္ပံပညာရှင်တွေနဲ့ တခြားအလုပ်သမားတွေကို ချီးကျူးခဲ့ပြီး လက်နက်အဆင့် နျူးကလီးယားပစ္စည်းတွေ ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်နဲ့ ၂၀၂၅ ခုနှစ်နဲ့ အလွန်ကာလတွေအတွက် သူတို့ရဲ့စီမံချက်တွေ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့တယ်လို့ KCNA က ဖော်ပြပါတယ်။
ကင်မ်ဂျုံအန်းဟာ အခုနှစ်အတွင်း လက်နက်အဆင့် နျူးကလီးယားပစ္စည်းတွေ ထုတ်လုပ်ခြင်းနဲ့ နိုင်ငံရဲ့ နျူးကလီးယားတပ်ဖွဲ့တွေကို အားကောင်းစေဖို့ရာ ပိုမိုအောင်မြင်အောင် လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။
လေ့လာသူတွေကတော့ မြောက်ကိုရီးယားဟာ နျူးကလီယားထိပ်ဖူး ၉၀ အထိ တည်ဆောက်နိုင်တဲ့ ဒုံးကျည်အမြောက်အမြား ထုတ်လုပ်နိုင်တဲ့ အဓိကပစ္စည်းအစိတ်အပိုင်းတွေ အလုံအလောက် ရှိနေနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။
Source : Reuters