
အာဆင်နယ် လူငယ်နောက်ခံလူ လူးဝစ်စကယ်လီရဲ့ အနီကတ်ပြစ်ဒဏ်ကို ပရီးမီးယားလိဂ်က ပြန်လည်ပယ်ဖျက်ပေးလိုက်ပါတယ်။
ဝုဗ်နဲ့ပွဲစဉ်မှာ တန်ပြန်တိုက်စစ်စတင်မယ့် ဝုဗ်နောက်ခံလူ ဒိုဟာတီကို လူးဝစ်စကယ်လီက တားဆီးခဲ့ရာမှာ အနီကတ်ပြသခံခဲ့ရတာပါ။
အဲဒီအပေါ် အာဆင်နယ်အသင်းက အယူခံတင်သွင်းခဲ့ရာမှာ ပရီးမီးယားလိဂ်က ပြစ်ဒဏ်ကို ပယ်ဖျက်ပေးသွားခဲ့တာပါ။
လူးဝစ်စကယ်လီအတွက် အယူခံတင်သွင်းမှု မအောင်မြင်ခဲ့ရင် ၄ ပွဲပယ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပေမဲ့ ပြန်လည်ပယ်ဖျက်ပေးခဲ့လို့ ပွဲပယ်ပြစ်ဒဏ်တွေကနေ ကင်းလွတ်ခွင့်ရသွားခဲ့တာပါ။
အာဆင်နယ်အသင်းဟာ လာမယ့်တပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး နယူးကာဆယ်နဲ့ ကရာဘောင်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ် အပါအဝင် လက်စတာနဲ့ လိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားသွားရမှာပါ။
Photo-Reuters