
Space X က နောက်ဆုံး စမ်းသပ်စေလွှတ်တဲ့ အာကာသယာဉ်ကြီးဟာ စလွှတ်ပြီးနောက် မိနစ်အနည်းငယ်အတွင်း ပေါက်ကွဲခဲ့ပါတယ်။
တက္ကဆက်ပြည်နယ်ကနေ ဇန်နဝါရီ ၁၆ ရက်မှာ လွှတ်တင်ခဲ့တဲ့ အာကာသယာဉ်ကြီးဟာ ပြဿနာရှိခဲ့ပြီး အာကာသယာဉ်ရဲ့ အပေါ်ပိုင်းတခုလုံး ပျက်စီးခဲ့တယ်လို့ Space X က ပြောပါတယ်။
ဒါပေမဲ့ ဒုံးကျည်လွှတ်တင်တဲ့ နေရာကို လောင်စာတွေပေးတဲ့ ကိုယ်ထည်က ၇ မိနစ်အကြာမှာ အစီအစဉ်အတိုင်း ပြန်လာနိုင်ခဲ့ပါတယ်။
ဒီစမ်းသပ်မှုဟာ အမေဇုန်သူဌေး ဂျက်ဖ်ဘီဇိုရဲ့ Blue Origin New Glenn ဒုံးပျံပစ်လွှတ်ပြီး နာရီပိုင်းအကြာမှာပဲ ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။
“ဒီလိုစမ်းသပ်မှုတွေကနေ သင်ကြားပြီး ကျနော်တို့အသင်း အောင်မြင်မှုတွေရမှာပါ။ ဒီနေ့ပျံသန်းမှုက အာကာသယာဉ်လွှတ်တင်တာနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရမှုတွေ တိုးတက်စေပါတယ်” လို့ Space X က ဆိုရှယ်မီဒီယာ X မှာ ဖော်ပြပါတယ်။
လူမူကွန်ရက်တွေမှာလည်း ဒုံးပျံပေါက်ကွဲမှု မီးတောင်တွေ ကောင်းကင်မှာ ဖြစ်ပေါ်နေပုံတွေကို ဖော်ပြခဲ့ကြပါတယ်။
အီလွန်မတ်စ်ခ်ကတော့ “အောင်မြင်မှုက မသေချာပါဘူး။ ဒါပေမဲ့ ဖျော်ဖြေမှုကတော့ သေချာခဲ့ပါတယ်။ အောင်ဆီဂျင်၊ လောင်စာတို့ ယိုစိမ့်မှုကြောင့် မီးလောင်ခဲ့တာဖြစ်တယ်” လို့ ပြောဆိုထားပါတယ်။
ဒီဒုံးပျံစေလွှတ်မှုနဲ့ ပတ်သက်ပြီး Space X မှာ live ထုတ်လွှင့်မှုကို ကြည့်ရှုသူ ၇ ဒသမ ၂ သန်းအထိ ရှိခဲ့ပါတယ်။
ဒီစမ်းသပ်မှုဟာ Space X အတွက် ၇ ကြိမ်မြောက် စမ်းသပ်တာဖြစ်ပြီး တက္ကဆက်ရှိ ဘိုကာချီကာမှာ ပြုလုပ်ခဲ့တာပါ။
အနာဂတ်အတွက် ရှေ့ပြေးအာသယာဉ်စမ်းသပ်မှုက လေထုအတွင်း ပေါက်ကွဲခဲ့တာကြောင့် လေကြောင်းလိုင်းခရီးစဉ်တွေလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။
မီယာမီ၊ ဖလော်ရီဒါနဲ့ ဖော့လာ့ဒါဒဲ တို့မှာ လေကြောင်းလိုင်းတွေ ၄၅ မိနစ် နောက်ဆုတ်ခဲ့ရပါတယ်။
Source : Reuters