
ကိုလံဘီယာစစ်တပ်ရဲ့ ကမ်းခြေစောင့်တပ်ဟာ ဘွေနာဗန်တူရာမြို့မှာ ကိုကင်း ၁ တန်ခွဲလောက် တင်ဆောင်လာတဲ့ သင်္ဘောပျက်တစီးကို ဒီဇင်ဘာ ၁၇ ရက်က ကြားဖြတ်ဟန့်တားခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်ကဖြန့်ဝေတဲ့ ဗီဒီယိုထဲမှာ ကမ်းရိုးတန်းစောင့်သင်္ဘောတွေရဲ့ ဘေးမှာ လူ ၃ ယောက်နဲ့ အနက်ရောင် အထုပ်အပိုးမျိုးစုံ မျောပါနေတာကို မြင်တွေ့ရပါတယ်။
ဗဟိုအမေရိကကို ဦးတည်နေတဲ့ သင်္ဘောပျက်ကို ဗာယဲ ဒရ်ကောက်ကာ မြို့နားမှာ ကိုလံဘီယာစစ်တပ်က တွေ့ရှိခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါး ၁ တန်ခွဲနီးပါး ပါရှိတဲ့ အထုပ် ၄၉ ထုပ်နဲ့ သင်္ဘောသား ၃ ယောက်ကို ရေထဲက ကယ်ဆယ်နိုင်ခဲ့တယ်လို့ တူမာကို ကမ်းခြေစောင့်တပ်မှူး ကပ္ပတိန် အန်ဒရေးစ် ဟန်နောင်းက ပြောပါတယ်။
နောက်ပိုင်းမှာ သူတို့အား ဘွေနာဗန်တူရာ ကမ်းခြေစောင့်စခန်းကို ချက်ချင်းခေါ်ဆောင်သွားခဲ့ပြီး ထိန်းသိမ်းခဲ့ကြောင်း ဆိုပါတယ်။
အထုပ်ထဲရှိ မူးယစ်ဆေးတွေကို စမ်းသပ်ကြည့်ရာမှာ ကိုကင်း ကလိုရို ဟိုက်ဒရိတ်တွေ ဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ခန့်မှန်းခြေအားဖြင့် ၁,၄၈၄ ကီလိုဂရမ် (၃၂၇၁ ဒသမ ၆ ပေါင်) အလေးချိန်ရှိတဲ့ ကိုကင်းတွေဟာ နိုင်ငံတကာ မှောင်ခိုဈေးကွက်မှာ ဒေါ်လာ သန်း ၅၀ ကျော်လောက် တန်ကြေးရှိမယ်လို့ ခန့်မှန်းထားကြောင်း စစ်တပ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Source : Reuters