
အမေရိကန်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မှုအတွက် သမ္မတဂျိုးဘိုင်ဒန်ကို အိမ်ဖြေူတော်ပြောရေး ဆိုခွင့် ရှိသူဟောင်း နန်စီပီလိုဆီက ပြစ်တင်ခဲ့ပါတယ်။
ဘိုင်ဒမ်က သမ္မတလောင်း အဖြစ်ရွေးချယ်မှုကနေ စောစောစီးစီး မထွက်ခွာခဲ့မှုကြောင့် ရှုံးနိမ့်ခဲ့တာလို့ ပီလိုဆီက ထောက်ပြခဲ့တာပါ။
ပီလိုဆီဟာ အမေရိကန်မှာ ဩဇာအာဏာကြီးမားတဲ့ နိုင်ငံရေးသမား တယောက်ဖြစ်ပြီး နူးယော့ခ်တိုင်းနဲ့ တွေ့ဆုံစဉ် အခုလို ပြောခဲ့တာဖြစ်ပါတယ်။
ဒီမိုကရက်တွေဟာ သမ္မရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့သလို အထက်လွှတ်တော်မှာလည်း ရှုံးနိမ့်ခဲ့ပြီး အောက်လွှတ်တော်မှာလည်း ရှုံးနိမ့်ဖို့ ရာခိုင်နှုန်းများနေတာဖြစ်ပါတယ်။
ထရမ့်ဟာ ဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲပြီးနောက် ဇူလိုင်လအကုန်မှာ ဒီမိုကရက်တွေက သူ့ကို ရွေးကောက်ပွဲမှာ မပြိုင်ဖို့ တွန်းအားပေးခဲ့တာဖြစ်ပါတယ်။
ဘိုင်ဒန်နေရာမှာ ဒုသမ္မတ ကမလာဟဲရစ်ကို ထောက်ခံမှုပေးခဲ့ပြီး သမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့တာပဲဖြစ်ပါတယ်။
ပီလိုဆီက “သမ္မတကသာ အစောကြီးကတည်းက ဝင်မပြိုင်ခဲ့ဘူးဆိုရင် သမ္မတလောင်း ရွေးချယ်ဖို့ ပါတီရဲ့မဲပေးမှုတွေလုပ်နိုင်မှာပါ။ ဒါက ကြိုတင်မျှော်မှန်းချက်တစ်ခုပါ။ ဟဲရစ်ဟာ ပါတီရဲ့ မဲရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး သမ္မတလောင်းအဖြစ်လည်း ရှေ့ဆက်နိုင် ခဲ့ပါသေးတယ်။ ဖြစ်သွားတာက သမ္မတက ဟဲရစ်ကို ချက်ချင်းထောက်ခံမှုပေးပြီး ပါတီရဲ့ ကိုယ်စားလှယ်လောင်း အဖြစ်ရွေးခိုင်းခဲ့တာပါပဲ။ တကယ်လို့ ဘိုင်ဒန်က အစောကြီးက တည်းဝင်မပြိုင်ဘဲ အခုလို လုပ်ခဲ့မယ်ဆိုရင် ရလဒ်တွေ ပြောင်းလဲနိုင်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
နန်စီပီလိုဆီလိုပဲ တခြားသူတွေကလည်း သူတို့ရဲ့ အမြင်တွေကို ရွေးကောက်ပွဲအပြီးမှာ ရှု့ထောင့်အမျိုးမျိုးကနေ မှတ်ချက်ပေးတာမျိုးတွေလည်း ရှိပါတယ်။
အမည်မဖော်လိုသူ တဦးကတော့ မဲဆွယ်ပွဲတွေကို အကောင်းဆုံး ဆောင်ရွက်ခဲ့ကြောင်း၊ ဟဲရစ်နဲ့ ဒီမိုကရက်တွေ ဒီနေ့ရှုံးနိမ့်ခဲ့တဲ့နေရာမှာ ဘိုင်ဒန်က အကြောင်းပြချက်တခုပဲလို ဆိုပါတယ်။
အမည်မဖော်တဲ့ဘိုင်ဒန်ရဲ့ လက်ထောက် တဦးက သမ္မတဟောင်းအိုဘားမားရဲ့ အကြံပေးတွေက ဘိုင်ဒန်ကို ထုတ်ပယ်ဖို့ ဒီမိုကရက်တစ်တွေကို တွန်းအားပေးကြပြီး ဟဲရစ်ကိုလည်း သမ္မတလောင်းအဖြစ် မရွေးချင်ဘူးလို့ ပြောဆိုထားပါတယ်။
ဒီမိုကရက်ရဲ့ ပန်ဆယ်ဗေးနီးယားအမတ် ဂျွန်ဖန်တန်မန်က ရွေးကောက်ပွဲမှာ ဘိုင်ဒန်ကို ထုတ်ပယ်တာက မှားတယ်လို့ အပြစ်တင်ထားပါသေးတယ်။
Source: Reuters