
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမအနီး လေတပ်ဝန်ထမ်းအိမ်ရာနားက လုံခြုံရေးဂိတ်ကို နိုဝင်ဘာ ၇ ရက် ည ၇ နာရီကျော်လောက်က ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။
လုံခြုံရေးဂိတ်ကို ပေါက်ကွဲအားပြင်းတဲ့ ပဒေသာမိုင်းထောင် ဖောက်ခွဲခဲ့တာကြောင့် အနီးနားက လေတပ်အိမ်ထောင်သည်လိုင်းခန်း ထိမှန်ပေါက်ကွဲသွားပြီး လိုင်းခန်းမှာနေထိုင်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူက ပြောပါတယ်။
"ပေါက်ကွဲအားလည်းပြင်းတော့ အရပ်ဝတ်နဲ့ လူ ၄ ယောက်ထိ သွားတာတွေ့တယ်။ အသံအကျယ်ကြီးကြားရတယ်။ စစ်တပ်က အနီးအနားမှာရှိနေတော့ သေချာမကြည့်ခဲ့ရဘဲ ဘေးလွတ်ရာကိုသွားခဲ့ရတယ်။”
ပြည်သူနေအိမ်တွေနဲ့ကျေးရွာတွေကို လေးကြောင်းကနေ ဗုံးကြဲနေတဲ့ လေတပ်ကို သတိပေးတဲ့အနေနဲ့ ပဒေသာမိုင်းထောင်ပြီးဖောက်ခွဲလိုက်တာလို့ RUC မြို့ပြပြောက်ကျာတပ်ဖွဲ့ ရဲဘော် ရဲခေါင်က DVB ကို ပြောပါတယ်။
မိုင်းပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကာ နိုင်ငံရေး မှတ်တိုင်အနီးက ခရီးသွားလာသူတွေကို စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။