
၂၀၁၈ ကိုရီးယားနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ကို နိုဝင်ဘာ ၂၂ ရက် နှောင်းပိုင်းကစပြီး တစိတ်တပိုင်း ဆိုင်းငံ့ထားပြီးတဲ့နောက် မြောက်ကိုရီးယားနဲ့ နယ်စပ်အနားမှာ ဝေဟင်ကနေ ထောက်လှမ်းတဲ့ လုပ်ငန်းတွေ ပြန်စမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
၂၀၁၈ ခုနှစ်မှာ ကိုရီးယားနှစ်နိုင်ငံကြား ချုပ်ဆိုခဲ့တဲ့ ဘက်စုံစစ်ရေးသဘောတူစာချုပ် (CMA) ဟာ ခေါင်းဆောင် ကင်မ်ဂျွန်အန်းနဲ့ အဲဒီအချိန်က တောင်ကိုးရီးယား သမ္မတ မွန်းဂျေးအင်းတို့ သမိုင်းဝင်တွေ့ဆုံမှုကနေ ထွက်ပေါ် လာတဲ့ အထင်ရှားဆုံး သဘောတူညီချက်ပါ။
CMA စာချုပ်ရဲ့ အောက်မှာ နှစ်နိုင်ငံစလုံးဟာ စစ်ရေးတင်းမာမှုနဲ့ ပဋိပက္ခရဲ့ ရင်းမြစ်ဖြစ်တဲ့ လေ၊ မြေပြင်နဲ့ ပင်လယ်ပြင်တို့မှာ စစ်ရေးယုံကြည်မှုတည်ဆောက်ရေး အစီအမံတွေကို အကောင်အထည်ဖော်ခြင်းအားဖြင့် တဖက်နဲ့တဖက် ရန်လိုတဲ့ လုပ်ရပ်အားလုံးကို အပြီးအပြတ် ရပ်တန့်ဖို့ သဘောတူခဲ့ကြပါတယ်။
ဒါပေမယ့် စစ်ရေးသဘောတူစာချုပ်ကနေ နုတ်ထွက်ဖို့ နောက်ထပ်အရေးယူ ဆောင်ရွက်ချက်တွေ လုပ်ဖို့ ဆုံးဖြတ်ချက်တွေဟာ မြောက်ကိုရီးယားရဲ့ နောက်ဆက်တွဲလုပ်ရပ်တွေအပေါ်မှာ မူတည်တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောခဲ့ပါတယ်။
Source/Photo - Reuters