
တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ကို အလည်အပတ်ရောက်နေတဲ့ နီပေါဝန်ကြီးချုပ် ပွတ်ရှ်ပါ ကာမယ် ဒါဟယ် ပရာချန်ဒါနဲ့ တွေ့ချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ နီပေါနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်လို့ စက်တင်ဘာ ၂၃ ရက်မှာ ပြောလိုက်ပါ တယ်။
ပရာချန်ဒါဟာ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ဖို့ တရုတ်နိုင်ငံဆီ တရားဝင်ခရီးစဉ်အဖြစ် စနေနေ့ အစောပိုင်းက ဟန်ကျိုးမြို့ကို ရောက်လာတာပါ။
တရုတ်-နီပေါ ချစ်ကြည် ရင်းနှီးတဲ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုကို အခိုင်အမာ ထောက်ခံအားပေးဖို့ ကတိပြုခဲ့ပါတယ်။
“တရုတ်နဲ့ နီပေါနိုင်ငံတို့ဟာ တောင်တန်းတွေ မြစ်တွေနဲ့ ချိတ်ဆက်နေပြီး ထာဝရချစ်ကြည်ရင်းနှီးမှု ကို ရခဲ့ကြတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးက အလွန်အရေးပါလို့ နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေဖို့ ဆန္ဒရှိတယ်၊ မဟာဗျူဟာတွေ၊ နယ်ပယ်အ သီးသီးမှာ လက်တွေ့ ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့နဲ့ နိုင်ငံတော် အုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံ မျှဝေမှုတွေ အားကောင်းလာအောင် တရုတ်-နီပေါ ဆက်ဆံရေးကို မြှင့်တင်ရာမှာ တိုးတက်မှု အသစ်တွေကို ဆက်လက်ဖော်ဆောင်နိုင်စေရေး ပူးပေါင်းဆောင်ရွက်ဖို့ လိုလားတယ်”လို့ ရှီက ပြောခဲ့ပါတယ်။
ဟန်ကျိုးနဲ့ ကျဲ့ကျန်းပြည်နယ်တို့မှာ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို နင်ဘို၊ ဝမ်ကျိုး၊ ကျင်းဟွာ၊ ရှောင်ရှင်းနဲ့ ဟူကျိုးမြို့တွေမှာ စနေနေ့ညနေ ၈ နာရီကနေ အောက်တိုဘာ ၈ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။
Source/Photo-Reuters