Home
မြန်မာသတင်း
ရေးမြို့၊ ခလရ ၆၁ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်
DVB
·
September 3, 2023
372626560_3717695735127890_1736739403961711707_n

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခလရ ၆၁ တပ်ရင်းကို စက်တင်ဘာ ၂ ရက် မနက် ၉ နာရီမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းနဲ့ မွန်ပြည်တော်လှန်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး ပြန်ပစ်ခတ်ပေမဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေဘက်က အထိခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီဘက်ကတော့ တိုက်ခိုက်မှုအပြီးမှာ ခလရ ၆၁ အတွင်းကို လူနာတင်ယာဉ် ၂ စင်းနဲ့ ထိခိုက်သူတွေလာသယ်သွားပြီး နောက်ဆက်တွဲအခြေအနေကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။

စစ်ကောင်စီက ခလရ ၆၁ ကို အင်အား ၁၀၀ နီးပါးနဲ့ အင်အားဖြည့်ဖို့ တပ်အရွှေ့အပြောင်းလုပ်နေစဉ်မှာ တပ်ရင်းကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အခုတိုက်ခိုက်မှုမှာ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲက ဒေါနစစ်ကြောင်း၊ ABSDF၊ MSRF၊ YGF နဲ့ KNLA စတဲ့ မွန်၊ ကရင်၊ တနင်္သာရီ ဒေသ ၃ ခုက ပူးပေါင်းအဖွဲ့တွေ ပါဝင်ပါတယ်။

ဩဂုတ် ၂၈ ရက် ကလည်း အဆိုပါအဖွဲ့တွေအပြင် အခြားမဟာမိတ်အဖွဲ့တွေ ပါဝင်တဲ့ မိုးကြိုးစစ်ဆင်ရေးကို ရေးမြို့အခြေစိုက် စကခ ၁၉ နဲ့ ခလရ ၆၁ ကို မောင်းသူမဲ့လေယာဉ်နဲ့  ဗုံးချပြီး စစ်ရေးဖော်ဆောင်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024