
ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်မြို့က ရုပ်တုကြီးတခုကနေ ဆိုဗီယက်ပြည်ထောင်စု အထိမ်းအမှတ် တူနဲ့ တံစဉ်တံဆိပ်ကို စတင်ဖယ်ရှားနေပါတယ်။
ဇူလိုင် ၃၀ ရက်မှာ အလုပ်သမားတွေဟာ တံဆိပ်ဝိုင်းမှာပါတဲ့ လော်ရယ် အောင်ပန်းပင်ရဲ့ အရွက်တွေကို ခုတ်ထစ်ကြပြီး ဥရောပရဲ့ အမြင့်ဆုံးရုပ်တုဖြစ်တဲ့ Motherland Monument နားက မြေပေါ်ကို ဖြုတ်ချခဲ့ကြပါတယ်။
ယူကရိန်းမြို့တော်မှာ သတ္တုလုပ်သားတွေ ဖန်တီးထားတဲ့ ယူကရိန်းနိုင်ငံရဲ့ အသွားသုံးချောင်းပါတဲ့ ခက်ရင်းခွ သင်္ကေတကို ဆိုဗီယက်တံဆိပ်ဟောင်းရဲ့ နေရာမှာ ယူကရိန်းနိုင်ငံ လွတ်လပ်ရေးနေ့ ဩဂုတ် ၂၄ ရက်မတိုင်မီ အစားထိုးမှာ ဖြစ်ပါတယ်။
Source - Reuters