
တိုက်စစ်မှူးမက်ဆီဟာ အင်္ဂါနေ့က အသင်းသစ်အင်တာမိုင်ယာမီအသင်းနဲ့ ပထမဆုံးလေ့ကျင့်ခန်း စတင်ပြုလုပ်ခဲ့ပါတယ်။
မက်ဆီကိုတနင်္ဂနွေနေ့က တရားဝင်မိတ်ဆက်ခဲ့ပြီး အင်္ဂါနေ့နံနက်ပိုင်းက အသင်းနဲ့အတူ စတင်ပူးပေါင်းလေ့ကျင့်ခဲ့တာပါ။
မိုင်ယာမီအသင်းဟာ စနေနေ့နံနက်ပိုင်းမှာ မက္ကဆီကိုကလပ် ခရုဇ်အက်ဇို အသင်းနဲ့ လိဒ်ရှုံးထွက်ဖလား ကစားသွားရမှာဖြစ်ပြီး မက်ဆီက ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခွင့် ရဖို့ရှိပါတယ်။
မိုင်ယာမီအသင်းဟာ မေဂျာလိဂ် အရှေ့ပိုင်းဇုန်မှာ ယှဉ်ပြိုင်နေတာဖြစ်ပြီး စုစုပေါင်း ၁၅ သင်းမှာ အောက်ဆုံးနေရာမှာ ရပ်တည်နေတာပါ။
မိုင်ယာမီအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဘာစီလိုနာကွင်းလယ်လူဟောင်း ဘူးစကွက်စ်ဟာလည်း မက်ဆီနဲ့အတူ စတင်လေ့ကျင့်ခန်းဆင်းခဲ့တာပါ။
မက်ဆီရဲ့ ပွဲဦးထွက်ပွဲစဉ်ရဲ့ လက်မှတ်တွေဟာလည်း ရောင်းကုန်သွားပြီဖြစ်ပြီး မှောင်ခိုဈေးကွက်မှာ လက်မှတ်ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်နေတယ်လို့ သိရပါတယ်။