Home
မြန်မာသတင်း
နွားထိုးကြီးမြို့နယ်ရှိ ဆူးဖြူကုန်းရွာကို အကြမ်းဖက်စစ်တပ်ကဝင်စီး၊ ရွာသားအချို့ ထွက်ပြေး
DVB
·
May 3, 2021
181702682_1372143193171497_5424698942785711268_n

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းရွာကို မေလ  ၃ ရက်မွန်းလွဲ ၁  နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဝင်ရောက်စီးနင်းပြီး  သေနတ်တွေနဲ့ ပစ်ခတ်လို့ ရွာသားတွေထွက်ပြေးခဲ့ကြရပါတယ်။

ရွာစာသင်ကျောင်းမှာ ဖက်ဆစ်ပညာရေးစနစ်အလိုမရှိကြောင်း ဆန္ဒပြနေချိန် ရဲတပ်ဖွဲ့ဝင် ၄ ယောက် ရောက်လာတဲ့အခါ ဒေသခံတွေက ရွာအတွင်း ပေးမဝင်ဘဲ တားဆီးထားခဲ့ကြပြီးနောက် စစ်တပ်ပါရောက်လာပြီး ပစ်ခတ်ခဲ့တာလို့ရွာသားတွေက ပြောပါတယ်။

ဆူးဖြူကုန်းကျေးရွာနေသူ တစ်ဦးက “ရဲတွေကို သတင်းပေး ဒလန်တွေက ခေါ်လိုက်တာ။ ဒါ့ကြောင့် ရွာမှာ သတင်းပေးတဲ့ အိမ်ကို ရွာသူ၊ ရွာသားတွေ ဝိုင်းကြတော့ စစ်တပ်ကို ခေါ်လိုက်တယ်။ အင်အား ၄၀ လောက်ရှိမယ်။ သေနတ်တွေနဲ့ ပစ်ကြတယ်။” လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဝင်ရောက် ပစ်ခတ်တာကြောင့် ဒဏ်ရာရသူတချို့နဲ့ ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒီလို ပစ်ခတ်တာတွေကြောင့် ရွာသူ၊ ရွာသား၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ နီးစပ်ရာ တောတွေထဲ ဝင်ပြေးပုန်းရှောင်နေရပါတယ်။ ဆူးဖြူကုန်းရွာဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အမြဲလုပ်နေတဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024