
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့မှာ စစ်အာဏာရှင်စနစ် ဖြုတ်ချနိုင်ရေးအတွက် ဝန်ထမ်းတွေဟာ ရုံးမတက်ဘဲ CDM လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့ တက္ကသိုလ်က ကျောင်းသား ကျောင်းသူ ၁၀၀ နီးပါးက တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ရုံးတက်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ လူငယ်တွေရဲ့ အနာဂတ်ကို သနားငဲ့ညှာတဲ့အနေနဲ့ ရုံးမတက်ကြဘဲ CDM လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့ ဖားကန့်မြို့နယ်က စုပေါင်းရုံးရှေ့မှာ ထိုင်သပိတ်ဆင်နွှဲပြီး မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြတာပါ။
လူငယ်တွေဟာ ဝန်ထမ်းတွေ ရုံးမတက်ရေး ကြွေးကြော်သံတွေနဲ့အတူ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ ကျောင်းဆရာ၊ သူနာပြု စတဲ့ နယ်ပယ်ပေါင်းစုံက ကိုယ်စားပြုတဲ့ ယူနီဖောင်းတွေ ဝတ်ပြီး အင်တာတိတ်မင့်တွေပါ ပြုလုပ်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဖားကန့်မြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဖေဖော်ဝါရီ ၇ ရက်နေ့ကနေ စတင်လုပ်ဆောင်နေတာဖြစ်ပြီး လူငယ်တွေ အများအပြား ပါဝင်လာတာကိုလည်း တွေ့ရပါတယ်။
ဇော်မိုးထက်(ဖားကန့်)