Home
သတင်းဓာတ်ပုံ
CDM တွင် မပါသေးသည့် ဌာနသုံးခုရှေ့ ရွှေဘိုဒေသခံသောင်းချီ ဆန္ဒပြ ဖိတ်ခေါ်
DVB
·
February 17, 2021
150895446_110767671052298_2807772074803175409_n
150814090_110781791050886_2275612297256120813_n
150472045_110767651052300_5775100800846014029_n
150195725_110767531052312_1597544835618076244_n
149549313_110767494385649_7694642138944604031_n
149622776_110767567718975_2809031948412998975_n
149244530_110767461052319_1677471666618624294_n
149165353_110767601052305_7084527937510270649_n

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမှာ ဖော်ဖော်ဝါရီ ၁၇ ရက် မနက် ၉ နာရီက စတင်ပြီး မြို့ပေါ်သပိတ်စစ်ကြောင်းတွေ၊ မြို့နယ်အတွင်းကျေးလက်သပိတ်စစ်ကြောင်းတွေ၊ CDM သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး အင်အားသိန်းချီ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လူအင်အား သောင်းချီပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ရုံးတက်နေတဲ့ ဝန်ထမ်းတွေရှိတဲ့ လမ်းမတော်ရှိ မြန့်မာ့စီးပွားရေးဘဏ်အနီးမှာ ဆန္ဒပြခဲ့ကြပြီး CDM မှာ  ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

CDM မှာ ပါဝင်ခဲ့တဲ့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးက “CDMဟာ ဝန်ထမ်းတိုင်း ပူးပေါင်းပါဝင်သင့်တယ်။ အကြောက်တရားတွေကို ဖယ်ရှားပြီး CDM ကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျနော်တို့ဟာ စစ်အာဏာရှင်အောက်ကို နေခဲ့ပြီးပြီ အနာဂတ် မှာရှိတဲ့လူငယ်တွေကို စစ်အာဏာရှင်အောက် ပြန်မရောက်စေချင်ဘူး။ CDM မပါဝင်သေးတဲ့ ဝန်ထမ်းတွေ သေချာစဉ်းစားပါ။ စစ်အာဏာရှင်မတိုက်နိုင်ရင် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ပြည်နယ်ခွဲ တစ်ခုတောင်ဖြစ်သွားနိုင်တယ်။ ဒါကြောင့်CDM ကိုပြီးတဲ့အထိ တိုက်သွားမယ်”လို့ ပြောပါတယ်။

LGBT အဖွဲ့ ဦးဆောင်သူ ကိုအီးတီက “ဘဏ်ရှေ့မှာ ထိုင်သပိတ်လုပ်နေတာ သုံးရက်ရှိပြီ အဓိက CDM ကို ပူးပေါင်းပါဝင်ဖို့ လမ်းပေါ်ထွက်ရတာပါ။ ခုလို စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ရတာဟာ ညအချိန်မရွေးလည်း အဖမ်းခံရနိုင်တယ်။ အချိန်မရွေးလည်း သေနတ်နဲ့ပစ်ခံရနိုင်တယ်။ ဒါတွေကိုမမှုပဲ စစ်အာဏာရှင်ကို ကျဆုံးဖို့ ဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်။ CDM မှာ မပါသေးတဲ့ ဝန်ထမ်းတွေကို ဒီနေရာကပဲပါဝင်ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်” လို့ ပြောပါတယ်။

မြန့်မာမီးရထားဝန်ထမ်းတွေ၊ အစိုးရနည်းပညာကောလိပ်၊ အင်ဂျီနီယာသပိတ်စစ်ကြောင်း၊ ဆန်လုပ်ငန်းရှင်များအစုအဖွဲ့၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ၊ တောင်သူလယ်သမားအင်အားစုတွေ၊ ရွှေဘိုစက်မှုဇုန်၊ ဆန်စပါးကုန်စည်ဒိုင်ရွှေဘို၊ ကော့ကျေးရွာသပိတ်စစ်ကြောင်း၊ ကျောက်မြောင်း ပြည်သူသပိတ်စစ်ကြောင်း၊ အင်ကြင်းကျေးရွာ သပိတ်စစ်ကြောင်း၊ ချီပါကျေးရွာ သပိတ်စစ်ကြောင်းတွေ ဆန္ဒပြခဲ့ကြပြီး မြို့နယ်လုံးဆိုင်ရာ ရိန်သိမ်းခြွေလှေ့စက်ထွန်စက်လယ်ယာဝန်ဆောင်မှုလုပ်ငန်းစုက ထွန်စက်တွေနဲ့ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ချိုသဲကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024