Home
မြန်မာသတင်း
ရခိုင်တွင် ပစ်ခတ်မှုများဆက်ဖြစ်နေ၊ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၂ ဦးဒဏ်ရာရ
DVB
·
August 29, 2019
69204378_856778374678171_6680991516359393280_n
69642553_856777241344951_3711657088766705664_o
69090877_856777264678282_2561099551339446272_o
69133727_856777251344950_3515636714112548864_o
ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်ထဲမှာ  အခုရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သား အမျိုးသမီး ၂ ဦးထိခိုက် ဒဏ်ရာရရှိသွားပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ကျောက်တော်မြို့နယ် ဂစ္ဆပနဒီတံတားအနီး ပစ်ခတ်မှုအတွင်းမှာ အနီးအနားမှာ ဆိုင်ရောင်းချနေတဲ့ ရွှေလှိုင်ကျေးရွာက အမျိုးသမီးတဦး သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့သလို မနေ့ မနက်ပိုင်းကလည်း မြောက်ဦးမြို့နယ် ထိပ်ဝပြင်အနီး အမြောက်ကျည်တလုံးထိမှန်ခဲ့လို့အမျိုးသမီးတဦး ထပ်မံဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့  လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါ တယ်။ ကျောက်တော်မှာ ဖြစ်ပွားခဲတဲ့ ပစ်ခတ်မှုနဲ့ ပတ်သတ်ပြီး ကျေးရွာအုပ်စုတာဝန်ရှိသူ တဦးက “Navy ကနေပြီး နှစ်ဖက်တိုက်ပွဲ မဟုတ်ဘဲနဲ့ ဂစ္ဆပတံတားလောက်ကနေ ပစ်ပြီးတော့ ဆင်းလာတာ။ အဲဒီမှာ ယမ်းသမ်းပစ်သွားတဲ့ ပုံစံမျိုးနဲ့ ထိသွားတာ။ သူ့မှာဆိုင် ရောင်းတယ်။ အလှကုန်တွေ၊ စားကုန်တွေပေါ့။ ဘယ်ကိုပြေးရမှန်းမသိဘဲနဲ့ ပိုက်ဆံတွေ သိမ်းနေတုန်းမှာ ဖြစ်သွားတာလို့တော့ သူက ပြောတယ်”လို့ ပြောပါတယ်။ အဲဒီလို ပစ်ခတ်ခံရသူဟာ ကျောက်တော်မြို့နယ်၊ ရွှေလှိုင်ကျေးရွာဒေသခံ ဒေါ်အေးနွယ် အသက် (၄၂) နှစ် ဖြစ်ပြီး သူမရဲ့ ပေါင်မှာ ဒဏ်ရာရရှိခဲ့ကာ လက်ရှိမှာတော့ ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသ မှုခံယူနေရပါတယ်။ မြောက်ဦးမြို့နယ် လင်းမြွေတောင်အနီး ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမပေါ်မှာတော့ မနေ့ မနက်အစောပိုင်းကနေ တနေကုန်နီးပါး တိုက်ပွဲပြင်းနရာ မနက် ၁၀ နာရီလောက်က ထိပ်ဝပြင်ရွာဒေသခံအမျိုးသမီး ဒေါ်တင်တင်ဌေး (၃၉ နှစ်)ကို အမြာက်ဆန်ထိမှန်ပြီး ဝမ်းဗိုက်ဒဏ်ရာ ရှိခဲ့ပါတယ်။  မနေ့က တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ထိပ်ဝပြင်ကျေးရွာက မိန်းကလေးတယောက်  အမြောက်ဆန်ထိတယ်လို့ သတင်းရတယ်။ ဘယ်လိုဖြစ်ကြလဲဆိုတော့ မနက် ၄ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ အခုထိ လည်း ဆက်ဖြစ်နေတုန်းပဲ။ အဲဒီမှာ ထိပ်ဝပြင်ရွာက မိန်းကလေးက အမြာက်ဆန် ထိသွားတယ်။ ၁၀ နာရီလောက်မှာပေါ့။” အဲဒီတိုက်ပွဲတွေကြောင့် ရန်ကုန်- စစ်တွေကားလမ်းတွေကိုလည်း ပိတ်ထားရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ လတ်တလောမှာတော့ ရက္ခိုင့်တပ်တော် အေအေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ တွေလည်း မြင့်တက်လာနေတယ်လို့ ဆိုရမှာပါ။ တိုက်ပွဲတွေနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကိုဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။  သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံ သန်းထွန်း
ရခိုင္တြင္ ပစ္ခတ္မႈမ်ားဆက္ျဖစ္ေန၊ လက္နက္ႀကီးထိမွန္ၿပီး အမ်ိဳးသမီး ၂ ဦးဒဏ္ရာရ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္ထဲမွာ အခုရက္ပိုင္းအတြင္း ပစ္ခတ္မႈေတြ ဆက္လက္ျဖစ္ပြားေနၿပီး အရပ္သား အမ်ိဳးသမီး ၂ ဦးထိခိုက္ ဒဏ္ရာရရွိသြားပါတယ္။ ၾသဂုတ္လ ၂၇ ရက္ေန႔ ညေနပိုင္းက ေက်ာက္ေတာ္ၿမိဳ႕နယ္ ဂစၦပနဒီတံတားအနီး ပစ္ခတ္မႈအတြင္းမွာ အနီးအနားမွာ ဆိုင္ေရာင္းခ်ေနတဲ့ ေ႐ႊလႈိင္ေက်း႐ြာက အမ်ိဳးသမီးတဦး ေသနတ္က်ည္ဆန္ထိမွန္ဒဏ္ရာရခဲ့သလို မေန႔ မနက္ပိုင္းကလည္း ေျမာက္ဦးၿမိဳ႕နယ္ ထိပ္ဝျပင္အနီး အေျမာက္က်ည္တလုံးထိမွန္ခဲ့လို႔အမ်ိဳးသမီးတဦး ထပ္မံဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါ တယ္။ ေက်ာက္ေတာ္မွာ ျဖစ္ပြားခဲတဲ့ ပစ္ခတ္မႈနဲ႔ ပတ္သတ္ၿပီး ေက်း႐ြာအုပ္စုတာဝန္ရွိသူ တဦးက “Navy ကေနၿပီး ႏွစ္ဖက္တိုက္ပြဲ မဟုတ္ဘဲနဲ႔ ဂစၦပတံတားေလာက္ကေန ပစ္ၿပီးေတာ့ ဆင္းလာတာ။ အဲဒီမွာ ယမ္းသမ္းပစ္သြားတဲ့ ပုံစံမ်ိဳးနဲ႔ ထိသြားတာ။ သူ႔မွာဆိုင္ ေရာင္းတယ္။ အလွကုန္ေတြ၊ စားကုန္ေတြေပါ့။ ဘယ္ကိုေျပးရမွန္းမသိဘဲနဲ႔ ပိုက္ဆံေတြ သိမ္းေနတုန္းမွာ ျဖစ္သြားတာလို႔ေတာ့ သူက ေျပာတယ္”လို႔ ေျပာပါတယ္။ အဲဒီလို ပစ္ခတ္ခံရသူဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေ႐ႊလႈိင္ေက်း႐ြာေဒသခံ ေဒၚေအးႏြယ္ အသက္ (၄၂) ႏွစ္ ျဖစ္ၿပီး သူမရဲ႕ ေပါင္မွာ ဒဏ္ရာရရွိခဲ့ကာ လက္ရွိမွာေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွာ ေဆးကုသ မႈခံယူေနရပါတယ္။ ေျမာက္ဦးၿမိဳ႕နယ္ လင္းေႁမြေတာင္အနီး ရန္ကုန္-စစ္ေတြ အေဝးေျပးကားလမ္းမေပၚမွာေတာ့ မေန႔ မနက္အေစာပိုင္းကေန တေနကုန္နီးပါး တိုက္ပြဲျပင္းနရာ မနက္ ၁၀ နာရီေလာက္က ထိပ္ဝျပင္႐ြာေဒသခံအမ်ိဳးသမီး ေဒၚတင္တင္ေဌး (၃၉ ႏွစ္)ကို အျမာက္ဆန္ထိမွန္ၿပီး ဝမ္းဗိုက္ဒဏ္ရာ ရွိခဲ့ပါတယ္။ မေန႔က တိုက္ပြဲျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းသာစိန္က “ထိပ္ဝျပင္ေက်း႐ြာက မိန္းကေလးတေယာက္ အေျမာက္ဆန္ထိတယ္လို႔ သတင္းရတယ္။ ဘယ္လိုျဖစ္ၾကလဲဆိုေတာ့ မနက္ ၄ နာရီေလာက္ကတည္းက တိုက္ပြဲျဖစ္ေနတာ။ အခုထိ လည္း ဆက္ျဖစ္ေနတုန္းပဲ။ အဲဒီမွာ ထိပ္ဝျပင္႐ြာက မိန္းကေလးက အျမာက္ဆန္ ထိသြားတယ္။ ၁၀ နာရီေလာက္မွာေပါ့။” အဲဒီတိုက္ပြဲေတြေၾကာင့္ ရန္ကုန္- စစ္ေတြကားလမ္းေတြကိုလည္း ပိတ္ထားရတယ္လို႔လည္း ေဒသခံေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။ လတ္တေလာမွာေတာ့ ရကၡိဳင့္တပ္ေတာ္ ေအေအနဲ႔ ျမန္မာ့တပ္မေတာ္တို႔ တိုက္ပြဲေတြ ျပင္းထန္ေနၿပီး အရပ္သားေတြ ထိခိုက္ဒဏ္ရာရတာ ေတြလည္း ျမင့္တက္လာေနတယ္လို႔ ဆိုရမွာပါ။ တိုက္ပြဲေတြနဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္ကိုဆက္သြယ္ေနေပမယ့္ ဆက္သြယ္လို႔ မရေသးပါဘူး။ သတင္း-ဝဏၰခြာညိဳ-ဓာတ္ပုံ သန္းထြန္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024