ဟုမ္မလင်းမြို့တွင် မြေငလျင်လှုပ်ခတ်
DVB
·
June 23, 2019

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ ဒီနေ့ မနက်အစောပိုင်းက မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇွန် ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ၀၅ နာရီ ၄၂ မိနစ် ၄၄ စက္ကန့်အချိန်က ဟုမ္မလင်းမြို့ရဲ့ အရှေ့တောင်ဘက်မိုင် ၃၀ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၅၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၂၆ ဒီဂရီ၊ အနက် ၉၅ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခုလှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။