ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုနှုန်း ယခင်နှစ်ထက် လျော့ကျ
DVB
·
January 1, 2018

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ၂၀၁၇ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ယာဉ်တိုက်မှုနှုန်းနဲ့ သေဆုံး ဒဏ်ရာရမှုနှုန်း ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကထက် လျော့ကျသွားတယ်လို့ နေပြည်တော်အမြန်လမ်း ရဲတပ်ဖွဲ့ရုံးချုပ် ရဲအရာရှိတဦးက ပြောပါတယ်။
"မှုခင်းအသိပညာပေးတာတွေ အမြန်လမ်းတလျှောက်မှာရှိတဲ့ ရဲစခန်းတွေရဲ့ စနစ်တကျ စောင့်ကြည့်ကြီးကြပ်မှုတွေရဲ့ ရလဒ်တခုပေါ့။ နှစ်တနှစ်ကုန်ဆုံးချိန်မှာ အရင်နှစ်က ဖြစ်ပျက်ခဲ့တာတွေနဲ့ နှိုင်းယှဉ်လိုက်တော့ မှုခင်းတွေ လျော့ကျသွားတာ တွေ့ရတယ်။"
၂၀၁၆ ခုနှစ်မှာ ယာဉ်တိုက်မှု ၇၇၄ မှု၊ သေဆုံးသူ ၁၇၀ ဦး၊ ဒဏ်ရာရသူ ၁၃၀၄ ဦး ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာမှာတော့ ယာဉ်တိုက်မှု ၅၅၅ မှု၊ သေဆုံးသူ ၁၁၆ ဦး၊ ၈၆၃ ဦးပဲ ရှိတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ရုံးချုပ် ရဲအရာရှိက ဆက်ပြောပါတယ်။
အမြန်လမ်းမှာ အခုလိုယာဉ်တိုက်မှု ဒဏ်ရာရမှုနဲ့ သေဆုံးသူတွေ လျော့ကျလာတဲ့အတွက် ခရီးသွားလုပ်ငန်းများက ကြိုဆိုဂုဏ်ပြုတယ်လို့ ဆိုပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)