Live
Jobs

Jobs at DVB

Vacancy Announcement


Position: Sub Editor (TV)

Location: Thailand 

Application Deadline: 30 April, 2025

DVB ရုပ်မြင်သံကြားသတင်းဌာနအတွက် (ရုပ်မြင်သံကြား) လက်ထောက်အယ်ဒီတာ တဦး အလိုရှိသည်။

အောက်တွင်ဖော်ပြထားသော အလုပ်တာဝန်များကို လုပ်ဆောင်ရမည်ဖြစ်ပြီး ဖော်ပြပါ အရည်အချင်းရှိသူများကို ဦးစားပေးရွေးချယ်ပါမည်။ စိတ်ဝင်စားပါက [email protected] သို့ ကိုယ်ရေးအကျဉ်း (CV) ပေးပို့လျှောက်ထားရန် ဖိတ်ခေါ်ပါသည်။

အလုပ်

  • ရုပ်မြင်သံကြား သတင်းအစီအစဉ်အတွက် သတင်းစိစစ်ရွေးချယ်ခြင်း၊ စီစဉ်တင်ဆက်ခြင်း များကို ကြီးကြပ်ခြင်း။
  • တိုက်ပိုင်သတင်းထောက်များ ထုတ်လုပ်သည့်သတင်းများနှင့် ပြင်ပမှ ရရှိသော သတင်း များကို စိစစ်စုစည်းခြင်း။
  • အရေးပါမှု၊ လက်ရှိကာလနှင့် ကိုက်ညီမှု၊ ပရိသတ်သိရှိလိုမှုတို့အပေါ် မူတည်၍ သတင်းအစီအစဉ်တွင် ရှေ့နောက်နေရာချထားခြင်း။
  • အရည်အသွေး ပြည့်မီသောသတင်း အစီအစဉ်ကို အချိန်မီ ထုတ်လုပ် တင်ဆက်နိုင်ရေး အတွက် သတင်းအယ်ဒီတာ၊ သတင်းထောက်၊ သတင်းဖတ်ကြား တင်ဆက်သူ ၊ ရိုက်ကူး တည်းဖြတ်ရေး စတူဒီယိုအဖွဲ့သားများနှင့် ပူးပေါင်း အလုပ်လုပ်ခြင်း။

တာဝန်

  • သတင်း အယ်ဒီတာနှင့်အတူ သတင်းများကို နေ့စဉ်ရွေးချယ်စိစစ်ပေးခြင်း။
  • သတင်းထောက်များ၏ သတင်းများကို စစ်ဆေးပြီး အရည်အသွေးမီသည့် သတင်း ဖြစ်လာ အောင် ကူညီပံ့ပိုးပေးခြင်း။
  • သတင်းတိုများ ရေးသားပေးခြင်း။
  • စတူဒီယိုအဖွဲ့နှင့် ပူးပေါင်း၍ သတင်းရိုက်ကူး တည်းဖြတ်ခြင်း။
  • သတင်းအတွက် လိုအပ်သော ဂရပ်ဖစ်ဒီဇိုင်းနှင့် အရုပ်များကို သက်ဆိုင်ရာ ဌာနမှ ရယူခြင်း။
  • သတ်မှတ်ထားသော အချိန်အတိုင်း ပြည့်မီအောင် အစီအစဉ်တွင် သတင်းများကို ထည့်သွင်းခြင်း။
  • လက်ရှိနှင့် ကိုက်ညီသော အင်တာဗျူးများကို စီစဉ်ထုတ်လုပ်ခြင်း။
  • သတင်းဖတ်ကြားတင်ဆက်သူကို သတင်း အစီအစဉ်နှင့် ပတ်သက်ပြီး ရှင်းလင်း ပြောပြခြင်း။
  • အယ်ဒီတာမူဝါဒနှင့်အညီ ဆုံးဖြတ်တတ်ခြင်း။
  • သတင်း အရေးအသားတွင် ကျွမ်းကျင်ခြင်း။
  • သတင်းပညာနှင့်အညီ သတင်းများကို ရွေးချယ်ထုတ်လုပ်တတ်ခြင်း။
  • စုပေါင်း အလုပ်လုပ်တတ်ခြင်း။
  • သတ်မှတ်ထားသောအချိန်နှင့် အမီအလုပ်လုပ်တတ်ခြင်း။
  • သတင်းတည်းဖြတ်မှုနှင့် သတင်းထုတ်လုပ်မှု စနစ်ကို နားလည်တတ်ကျွမ်းခြင်း။ ဌာနတခုထက်မက ပါဝင်လုပ်ဆောင်တတ်ခြင်း။
  • အင်္ဂလိပ်ဘာသာစကားကို နားလည်တတ်ကျွမ်းခြင်း။

To apply: email CV to [email protected] 

Deadline: 30 April, 2025


About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024